၄၂၈။ "ရောဂါလား အဆိပ်လား - ၃"

432 46 0
                                    

၄၂၈။ ရောဂါလား အဆိပ်လား - ၃

ဖန်ဇို၏ ခန္ဓာကိုယ်က အရမ်းအားနည်းနေသဖြင့် ပြင်းထန်သော ကုထုံးကို လက်ခံနိုင်စွမ်း မရှိချေ။ သို့သော်ငြား သူ့ခန္ဓာကိုယ်တွင်းရှိ ရောဂါက အလွန်ပြင်းထန်နေပြီး ဆေးပြင်းဖြင့် မဖိနှိပ်ပါက သူ မကြာခင် အသက်ရှူရပ်သွားမှာ ဖြစ်သည်။ သူ့အသက်ကို ကယ်တင်နိုင်ရန် ဂျန်ဝုရှီက သူကိုယ်ပိုင်နည်းစနစ်ဖြစ်သော မိစ္ဆာနှလုံးသားအပ်စိုက်ကုထုံးကို လုပ်ဆောင်ရတော့သည်။

၎င်းနည်းစနစ်ကို ဂျန်ဝုရှီကိုယ်တိုင် ဆယ်စုနှစ်တစ်ခုကျော် ကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်နေစဉ် တီထွင်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းနည်းစနစ်အရ ထိုးစိုက်ရသော အပ်က အတွင်းထဲထိ ထိုးဖောက်ဝင်ရောက်ရသည်။ သို့သော် သက်ရောက်မှုက အံ့အားသင့်ဖွယ်ကောင်းသည်။ ၎င်းစနစ်အတိုင်း အပ်ထိုးစိုက်လိုက်လျှင် အသက်စွမ်းအားကို မြှင့်တင်ပေးနိုင်သည်။ သို့သော် ထိုစနစ်ကို လူတစ်ယောက်အတွက် တစ်သက်မှာ သုံးခါသာ အသုံးပြုခွင့်ရှိသည်။ တစ်ခါအသုံးပြုပြီးတိုင်းလည်း အသုံးပြုလိုက်ရသူ ဝေဒနာရှင်၏ အသက်တမ်းက ဆယ်စုနှစ်တစ်ခုစာ ကုန်ဆုံးရသည်။ သုံးကြိမ် အသုံးပြုခံရပြီးသော ဝေဒနာရှင်ကို နောက်နောင် နတ်ဘုရားများ ဆင်းကယ်လျှင်တောင် မရနိုင်တော့ပေ။

သည်နည်းစနစ်က ဝေဒနာရှင်၏ ခန္ဓာကိုယ်ကို အလွန်အမင်း ထိခိုက်စေသည်။ ဖြစ်နိုင်လျှင် သူမက ၎င်းနည်းစနစ်ကို အသုံးမပြုချေ။ သို့သော် ဖန်ဇို၏ လက်ရှိ အခြေအနေအရ အချိန်က တန်ဖိုးကြီးနေသဖြင့် မိစ္ဆာနှလုံးသားအပ်ကို အသုံးပြုရမည်ဖြစ်ပြီး တခြားနည်းလမ်းကို သူမ မစဉ်းစားနိုင်တော့ပေ။

အသက်ကယ် အပ် ၁၇ခြောင်းဖြင့် ဖန်ဇို၏ အသက်ကို ဆွဲထားနိုင်ပြီမို့ ဖန်ဇိုကို သေမင်းဂိတ်တံခါးမှ ပြန်လည် ဆွဲထုတ်နိုင်ရန် သန့်စင်ခြင်း, ကုသခြင်းများ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်သော ရှားပါးအချိန်ကို ဂျန်ဝုရှီ ရရှိသွားသည်။

အဆိပ်ရည်ပြည့်ဝနေသော မြွေသည်းခြေအိတ်ကို ဖန်ဇို၏ ပါးစပ်ထဲ တွန်းထည့်လိုက်သည်။ မြွေသည်းခြေအိတ်က ချက်ချင်းသေစေနိုင်သော အဆိပ်များ ပါဝင်နေသဖြင့် မိစ္ဆာနှလုံးသားအပ်၏ ကာကွယ်မှုသာ မရှိလျှင် ၎င်းသည်းခြေအိတ်ကို မျိုချပြီးပြီးချင်း ဖန်ဇို၏ ခန္ဓာကိုယ်က အကြောဆွဲကာ ချက်ချင်း သေသွားနိုင်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now