၄၀၂။ "ဝိညာဉ်ကုစားသူ - ၂"

440 49 0
                                    

၄၀၂။ ဝိညာဉ်ကုစားသူ - ၂

သူမအပေါ် အငြိုးသိုသော အကြည့် ကျရောက်တာကို ဂျန်ဝုရှီက သတိမပြုမိပေ။ သူမမျက်လုံးများက သူမရှေ့ရှိ လေညင်းကျောင်းတော်အတွင်း မြင်ကွင်းကို စေ့စေ့စပ်စပ် ကြည့်ရှူပြီး မှတ်သားထားလိုက်သည်။

သူမက လေညင်းကျောင်းတော်မှ တစ်စုံတစ်ရာကို သင်ယူရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်းမဟုတ်ပေ။ ထို့ပြင် သည်နေရာမှာ ယှဉ်ပြိုင်တိုက်ခိုက်ဖို့လည်း သူမ စိတ်မဝင်စားပေ။ ဝိညာဉ်ကုစားခြင်း အတတ်ပညာက သူမအတွက် အသုံးမဝင်လျှင်, ကျောက်ချူတို့အုပ်စု ရောက်ရှိလာသည်အထိ သားရဲဌာနတွင် သူမ အချိန်ဖြုန်းရမည် ဖြစ်သည်။

ထို့ကြောင့်ပင် သူမ ဘာမျှ အရေးစိုက်ဟန်ကို မပြဘဲ သာသာယာယာ ပြုမှုနေခဲ့ခြင်းဖြစ်ပြီး ကျောင်းတော်သို့ ဝင်ရောက်လာခဲ့သည့် တစ်ရက်တည်းဖြင့်ပင် သူမက နာမည်ဆိုးဖြင့် ထင်ရှားလာခဲ့သည်။ ဒါကို ဂျန်ဝုရှီ မျှော်လင့်ထားခဲ့သည် မဟုတ်ပေ။

ဝိညာဉ်ကုစားဌာန၏ အဓိကစာကြည့်ခန်းက အဆောက်အဦးအတွင်းတွင် တည်ရှိသည်။ သည်အဆောက်အဦးက ငါးထပ်ရှိသည်။ ဂျန်ဝုရှီက ပြီးခဲ့သည့် ည, ဂျန်ချင်း ညွှန်ကြားထားသည့် အတိုင်း ထိပ်ဆုံးအထပ်ရှိ ဂူလီရှန် ရုံးခန်းရှိရာသို့ တိုက်ရိုက် တက်သွားသည်။

အဆင်ပြေရဲ့လား ဂူလီရှန်က မေးသည်။ သူက အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။ သူက သူ့စားပွဲနောက်တွင် ထိုင်နေပြီး ဂျန်ဝုရှီကို ပြုံးကြည့်နေ၏။

ဂျန်ဝုရှီက ခေါင်းညိတ်ပြသည်။

အဆင်ပြေတာလား။ သူမအား အလွန် အနှောင့်အယှက်ဖြစ်စေမည့် မည်သည့်အရာကိုမျှ သူမ မတွေ့ခဲ့ရပေ။

အရင်ဘဝမှာတုန်းက သူမ ဘယ်သွားသွား, သူမအတွက် ထူးခြားမှု မရှိခဲ့ပေ။ သို့သော် လင်းအိမ်တော်မှ ဂျန်သားအဖကြောင့် လင်းအိမ်တော်က သူမအတွက် တခြားနေရာများနှင့် မတူကွဲပြားသည့် ခံစားချက်ကို ရစေသည်။ လင်းအိမ်တော်မှ တပါး တခြားနေရာများက သူမအတွက် အတူတူပင် ဖြစ်သည်။

မင်းကို ဝိညာဉ်ကုစားဌာနနဲ့ ချိတ်ဆက်ဖို့ ပြောတာ မင်းအတွက် နစ်နာသွားသလား ဂူလီရှန်က အပြုံးဖြင့် မေးသည်။

ပါရမီရှင်သမားတော်(၂)Kde žijí příběhy. Začni objevovat