၅၈၇။ ရိုက်ချက်များဖြင့် ဖုံးလွှမ်းခြင်း-၅

437 52 0
                                    

၅၈၇။ ရိုက်ချက်များဖြင့် ဖုံးလွှမ်းခြင်း-၅

ဂူလီရှန်ထံမှ အသိအမှတ်ပြုခြင်းကို လက်ခံရရှိသော တစ်စုံတယောက်အတွက် ထိုလူက တကယ်ပင် စစ်မှန်သော အသိပညာဗဟုသုတရှိသူ ဖြစ်ရမည်။

ဒီ့မတိုင်ခင် ဂူလီရှန် အလေးပေးသူက လီဇီမုမှန်း လူတိုင်း မြင်သည်။ ဂူလီရှန် အသိအမှတ်ပြုသော သူက လီဇီမုမှ တပါး တခြားတပည့် မရှိသူ၍ လူတိုင်း ခန့်မှန်းမိကြသည်။

သို့မဟုတ်ပါက ဘာ့ကြောင့် ဒီနှစ်အတွက် တပည့်တစ်ယောက်တည်းကိုသာ လီဇီမု လက်ခံလိမ့်မည်နည်း။ လီဇီမုက သေဆုံးသွားပြီ မဟုတ်လော။ ဂူလီရှန်က လီဇုကို အရမ်း အရေးပေးခဲ့ပြီး တခြားတပည့်များထက် ပိုမို ဂရုစိုက်ကာ ထူးထူးခြားခြား ဆက်ဆံပေးခဲ့သည်။

ကနေ့ ဂူလီရှန် ဒေါသထွက်နေခြင်းက လီဇီမု သေဆုံးခြင်းကြောင့်ဟူ၍ ကျောင်းသားအားလုံး တွေးထင်ကြသည်။

ဂူလီရှန်ကိုယ်တိုင် အသိအမှတ်ပြုထားသော တစ်ဦးတည်းသော တပည့်က လျှို့ဝှက်ဆန်းကြယ်သော အနေအထားဖြင့် သေဆုံးသွားခဲ့သည်။ ဂူလီရှန် အကြီးအကျယ် ဒေါသထွက်သင့်ပေ၏။

ဂူလီရှန်၏ တင်းမာပြတ်သားသော လေသံကို ကြားရလျှင်, ကျောင်းတော်သားများ အားလုံး ရုတ်တရက် ကြောက်စိတ်ဝင်ကုန်၏။ သို့သော် လီဇီမု သေဆုံးခြင်းအတွက် တာဝန်ခံရသူများမှာ သူတို့ မဟုတ်ဘဲ ဂျန်ရှီသာ ဖြစ်သောကြောင့် သူတို့နှင့် မသက်ဆိုင်သဖြင့် ကြောက်စိတ်ပြေသွားကြသည်။ ဂူလီရှန်၏ ဒေါသက ဂျန်ရှီသို့သာ ဦးတည်ရည်ညွှန်းနေသည်။

သူတို့ အခု လိုအပ်နေတာက စိတ်ရှည်စွာ စောင့်ဆိုင်းပြီး ပြပွဲကို အားပါးတရ ကြည့်ဖို့သာ ဖြစ်သည်။

လူအုပ်အတွင်းမှာ ပုန်းခိုနေသော နင်ရှင်းက လျှို့ဝှက်သိုသိပ်စွာ ပြုံးနေလေ၏။ သူမမျက်လုံးများက ကျောင်းသားထုကြီးကြားရှိ ဂျန်ရှီကို ကြည့်လျက် ရက်စက်ယုတ်မာခြင်းဖြင့် ပြည့်နှက်လာသည်။

သို့သော် နင်ရှင်းနောက်တွင် ရပ်နေသော ယင်ယန်က တစ်ခုခု မူမမှန်မှန်း ခံစားလာရသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now