၅၅၃။ လျှို့ဝှက်ဆန်းကျယ်သော အနက်ရောင် ကျောက်တုံး-၁၀

394 47 0
                                    

၅၅၃။ လျှို့ဝှက်ဆန်းကျယ်သော အနက်ရောင် ကျောက်တုံး-၁၀

သို့သော်ငြား ဂျန်ဝုရှီက သူမ၏ တောင်းဆိုချက်က မည်မျှလောက် ဆိုးရွားမှန်း သတိမပြုမိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်ပြသည်။

နည်းနည်းလေးဆို ရပြီ။

မုကွိုင်ဖန်က နေရာမှာပင် အတော်ကြာအောင် တောင့်တင်းသွားသည်။ မည်မျှလောက် အနည်းငယ်က လူငယ်လေးအတွက် အဆင်ပြေသနည်း သူ နားမလည်ချေ။ လူငယ်လေးက သူ့လက်၏ ဒဏ်ရာများကြောင့် အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်းမရှိဘဲ အခု သူ့အသားစကို ဖြတ်တောက်၍ ယူချင်နေပြန်သည်။

သူ မရွံဘူးလော။

ငါ တန်ကြေး ပေးမှာပါ။ ဂျန်ဝုရှီ ဆက်ပြောသည်။

မုကွိုင်ဖန်က လက်ကာ ပြသည် မလိုပါဘူး, မလိုပါဘူး, ကျုပ် အကြာကြီး အသက်ရှင်တော့မှာမှ မဟုတ်တာ... မင်း... တကယ်... လိုချင်တယ်ဆိုရင်... မုကွိုင်ဖန်က အံကြိတ်၍ ဓားမြှောင်လေးကို ထုတ်ယူလိုက်သည်။ သူက အချိန်မရွေး သေနိုင်သည်။ ဒဏ်ရာများက သူ စားစား, အိပ်အိပ်, အမြဲတမ်း ပြဿနာ ဖြစ်၍ နာကျင်ကိုက်ခဲနေခဲ့သည်။ ထို့ကြောင့် အသားစအနည်းငယ်ကို ဖြတ်တောက်လိုက်လို့လည်း ပိုထူးပြီး နာကျင်သွားမည် မဟုတ်ပေ။ ဂျန်ဝုရှီက ကျောက်တုံးနက်ကို ဝယ်ယူထားသဖြင့် သူ့အတွက် အကျိုးဆောင်တစ်ယောက်ပင် ဖြစ်သည်။ သူ့အကျိုးဆောင်ဆီမှ နောက်ထပ် ပိုက်ဆံ ယူခြင်း မသင့်တော်ပေ။

သူက ပြောဆိုရင်း အသားစကို ဖြတ်တောက်ယူရန် ဟန်ပြင်လိုက်လျှင် ဂျန်ဝုရှီက လက်မြှောက်၍ သူ့ကို ဟန့်တားလိုက်သည်။

ငါ လုပ်လိုက်မယ် ဂျန်ဝုရှီ ပြောသည်။

မုကွိုင်ဖန် ပြောစရာစကားမဲ့သွားရသည်။ သူက တောင့်တောင့်ကြီးဖြင့် ဓားမြှောင်ကို အရိုးဖက်မှ လှည့်ပေးသည်။

ဂျန်ဝုရှီက ဓားမြှောင်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်သည်။ သူ့အရင်ဘဝတွင် ခွဲစိတ်ခန်း ဓားကို အကြိမ်ရေ များစွာ သူမ ကိုင်တွယ်ခဲ့သည် မဟုတ်လော။

ဂျန်ဝုရှီ၏ ဓားကိုင်သော နည်းလမ်းကို ကြည့်ပြီး မုကွိုင်ဖန်က မည်သို့မျှ မပြောတော့ဘဲ တိတ်ဆိတ်စွာ နေလိုက်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now