၂၀၄။ "အင်အား"

1.1K 86 0
                                    

၂၀၄။ “အင်အား”

“အင်း သူက....”မိုချင်းယွမ်က ဂျန်ဝုရှီနောက်တွင် ရပ်နေသည့် ဂျန်ဝုယောင်းမှ အနည်းငယ် နောက်သို့ ဆုတ်လိုက်သည်။ ထိုလူ့ဆီမှ လွှမ်းမိုးလွန်းသည့် အန္တရာယ်အငွေ့အသက်ကို သူ ခံစားမိသည်။

“ဂျန်ဝုယောင်း... ငါ့ .... အကိုကြီး” ဂျန်ဝုယောင်းကို တစ်စုံတစ်ယောက်အား ပထမဆုံး မိတ်ဆက်ပေးခြင်း ဖြစ်သည်။

အကိုကြီးလား။ မိုချင်းယွမ်က သံသယဖြင့် ပြည့်နှက်သွားသည်။ ဂျန်မိသားစုမှာ သည်လို လူမျိုး ရှိကြောင်း သူ မမှတ်မိပေ။ သို့သော် ဂျန်ဝုရှီက အကိုဟူသည့် စကားကို ထုတ်ဖော်ပြောဆိုသည့် အခါမှာ အန္တရာယ်လူသား၏ မျက်လုံးများတွင် ကျေနပ်သည့် အရိပ်အယောက်က ဖျတ်ခနဲ ခဏလောက် လက်သွားတာကို သူ တွေ့လိုက်ရသည်။

ထိုည, ဂျန်ဝုယောင်းက ဂျန်ရှင်းယန်ကို ကယ်တင်၍ နန်းတော်ဂိတ်တံခါးဝသို့ ခေါ်ယူလာစဉ်, မျက်လုံးအားလုံးက ဂျန်ရှင်းယန်အပေါ်မှာသာ ရှိ၍ မည်သူမျှ ဂျန်ဝုယောင်းကို သတိမပြုမိခဲ့ကြချေ။

“ဒီလောက် ညကြီးမိုးချုပ်မှ ငါ့ဆီလာတာ ဘယ်လို အရေးကြီးတဲ့ ကိစ္စများ ရှိနေသလဲ” မိုချင်းယွမ်က မသိမသာ ဂျန်ဝုရှီနှင့် ဝေးရာသို့ ဆုတ်သွားသည်။ အန္တရာယ်များသည့် ဂျန်ဝုယောင်းနှင့် ခပ်ဝေးဝေး နေချင်လို့ ဖြစ်သည်။

ဂျန်ဝုရှီက တုံးတိတိ ပြန်ပြောသည် “ဝိညာဉ်ကျောက်စိမ်း။”

“ဝိညာဉ်ကျောက်စိမ်းလား, နင် တကယ်ပဲ...”

ဂျန်ဝုရှီက သူ ပြောချင်တာကို သိနေ၍ ပြတ်သားစွာ ခေါင်းယမ်းပြလိုက်သည်။

“ငါ ချင်းယန်ကလန်ကို ဝိညာဉ်ကျောက်စိမ်း လွှဲအပ်ပေးမှာ မဟုတ်ဘူး၊ ပြီးတော့လည်း နင့်ဆီက တစ်ခြမ်းကိုလည်း ငါ လိုချင်တယ်။”

“ဘာတုန်းဟ” မိုချင်းယွမ်က မျက်လုံးပြူးသွားသည်။ သူက ဂျန်ဝုရှီကို မယုံနိုင်စွာ ကြည့်နေသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now