၃၀၈။ "ပျက်သုန်းခြင်း - ၃"

740 64 0
                                    

၃၀၈။ “ပျက်သုန်းခြင်း - ၃”

“လူ နည်းနည်းလောက် သတ်တာပဲဟာ, ငါ သဘောတူနိုင်ပါတယ်လေ၊ ဒါပေမဲ့ အတုံ့အလှယ်အနေနဲ့, မင်းနဲ့ သဘောတူညီမူ ယူရမဲ့ အနေအထားတော့ ရှိနေတယ်။” ဟွာယောင်းက ချင်ယွဲ့ကို မမှိတ်မသုန် ကြည့်နေရင်း ပြောသည်။

“ဘာလဲ” ချင်ယွဲ့က မျက်မှောင်ကြုတ်ကာ မေးသည်။ သူ့စိတ်က ချင်ယုယန်အတွက် လက်စားချေလိုမှုကြောင့် ပျက်စီးနေသည်။ သူက ခဲချန်ဂျု လိုလားတာကို သဘောတူမည် ဖြစ်သည်။

ဟွာယောင်းက အနည်းငယ် ပို၍ ယုံကြည်ချက်ရှိလာပြီး ပြုံးလျက် ပြောသည် “အနေအထားလို့ ပြောလို့ရတယ်၊ ဒါပေမဲ့ တကယ်တော့ လိုအပ်ချက်၊ မင်း သမီးအတွက် လက်စားချေလို့ရအောင် လုပ်ဆောင်နိုင်ဖို့၊ ငါ့အမြင်မှာတော့, ဂျန်းချန်ချင်းကို သတ်နိုင်တဲ့ လူ များများစားစား မရှိဘူး၊ ငါ သိသလောက် သူနဲ့ အတူ ကျွမ်းကျင်ပညာရှင်တွေလည်း လိုက်ပါသွားကြသေးတယ်၊ သူတို့အားလုံး အသတ်ခံလိုက်ရတယ်ဆိုတော့....

“ဒါက ချီတိုင်းပြည်မှာ ကျွမ်းကျင်ပညာရှင်တွေ ရှိနေမယ်လို့ ငါ ယူဆမိတယ်၊ ငါ့အဆိပ်က ကျွမ်းကျင်ပညာရှင်တွေအပေါ်မှာဆိုရင် သိပ်အလုပ် မလုပ်ဘူးဆိုတာ မင်း သတိထားမိမှာပါ၊ သူတို့က အဆင့်မြင့်လေ, ငါ့အဆိပ်က သက်ရောက်မှု အားနည်းလေပဲ၊ မင့် သမီးအတွက် လက်စားချေချင်ရင်, မင်း ငါ့ကို ကူညီမှ ရမယ်။”

ချင်ယွဲ့က ဟွာယောင်းကို စူးစူးရဲရဲ ကြည့်၍ စိတ်မရှည်စွာ ပြောသည် “မင်း ငါ့ဆီကနေ ဘာလိုချင်တာလဲ၊ တဲ့တိုးသာ ပြောစမ်းပါ။”

ဟွာယောင်းက ပေါ့ပေါ့ပါးပါး ရယ်၍ ပြောသည် “ဒါက အရမ်းရှင်းပါတယ်၊ အသစ်ခေါ်ထားတဲ့ တပည့်တွေက အရမ်း အားနည်းကြတယ်၊ ငါ သူတို့နဲ့ စမ်းသပ်နေရတာ စိတ်မဝင်စားတော့ဘူး၊ သူတို့နဲ့ဆို ရလဒ်က ငါ လိုချင်သလို ထွက်မလာဘူး၊ တောင်ထွတ် ၁၂ခုမှာ ရှိတဲ့ တပည့်တွေက အရည်အချင်းရှိကြတယ်၊ သူတို့ ခန္ဓာကိုယ်တွေက ရင့်ကျက် ပြည့်စုံနေကြပြီ၊ သူတို့ ဝိညာဉ်စွမ်းအားက ကျွမ်းကျင်ပညာရှင်တွေနဲ့ နှိုင်းယှဉ်လို့ မရပေမဲ့, သူတို့ ခန္ဓာကိုယ် အနေအထားတွေက တခြားသူတွေထက် ပိုကောင်းနေကြတယ်။”

ပါရမီရှင်သမားတော်(၂)Where stories live. Discover now