၈၁၂။ ရှေ့တက်ဖို့ နောက်ဆုတ်ခြင်း (၂)

168 26 0
                                    

၈၁၂။ ရှေ့တက်ဖို့ နောက်ဆုတ်ခြင်း (၂)

ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာခင် ဖြေရှင်းနိုင်မှာပါ၊ ညီငယ်လေး ဂျန် စိတ်ချလက်ချနေဖို့ ပြောလိုပါတယ်၊ ဒီကိစ္စက မကြာခင် အဆုံးသတ်သွားမှာပါ၊ ဒီအဖြစ်အပျက်က လေညင်းကျောင်းတော်ရဲ့ အနေအထားကို မထိခိုက်စေရဘူးလို့ ငါ အာမခံပါတယ်၊ ဒီကိစ္စက နောက်ထပ် အရှိန်မြင့်လာမှာ မဟုတ်ပါဘူး။ လေ့ချန်၏ မျက်နှာက အနည်းငယ် စိုးရိမ်ပူပန်ခြင်းနှင့် ရောစွက်နေသည်။ သူ့လေသံက အနည်းငယ် မချင့်မရဲ ဖြစ်နေဟန်ရသည်။

လေ့ချန်၏ စိတ်အားထက်သန်စွာ တုံ့ပြန်ပြောဆိုသော အမှတ်လက္ခဏာများကို ဖန်ဇို သတိပြုမိသည်။ ဖန်ဇိုက ဂျန်ဝုရှီကို မျက်စိထောင့်မှ လျှို့ဝှက်စွာ ကြည့်လိုက်သည်။ မြေပုံက ရန်တိုင်းပြည်၏ ဘုရင်ကြီးလက်ထဲမှာ ရှိနေမှန်း ပြီးခဲ့သည့် ညက သူတို့ သိထားကြသည်။ ဘုရင်ကြီးနှင့် သူတို့ နီးစပ်သည့် အခွင့်အရေးကို ရရှိဖို့ သူတို့ လေ့ချန်နှင့် ချိတ်ဆက်ထားရမည်သာ ဖြစ်သည်။ သို့သော် ဂျန်ဝုရှီက ချိတ်ဆက်မည့် စကားအစား လေ့ချန်အား ၎င်းစကားများကို ပြောလိုက်သည်။ ၎င်းစကားများအရ သူတို့က အိမ်ရှေ့စံနှင့် အဆက်ဖြတ်၍ ခပ်ကင်းကင်း နေထိုင်ကြရမည်ဆိုတာ ထင်ရှားနေသည်။

မနေ့ကနှင့် ကနေ့ ရပ်တည်ချက် ဆန့်ကျင်ကွဲလွဲသွားခြင်းကြောင့် ဖန်ဇို မျက်ခုံးပင့်မိသွားသည်။ သူ့မျက်လုံးများမှာ စိတ်ဝင်စားသည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ ဂျန်ဝုရှီစိတ်ထဲမှာ တခြား လှုပ်ရှားချက် ရှိနေတာကို သူ ယုံကြည်မိသည်။

သို့ပင် ဖြစ်စေကာမူ, ဂျန်ဝုရှီက အလျင်မလိုဘဲ ဆက်၍ မေးသည် ဒီကိစ္စက ဒီအတိုင်းပဲ ပြီးသွားမှာလား သူမ ပြောနေရင်းဖြင့် မော့ကြည့်လိုက်သည်။ လေ့ချန်အား တိုက်ရိုက် ကြည့်နေသည့် အေးစက်စက် အကြည့်များက လှုပ်ရှားယိမ်းယိုင်ခြင်း မရှိပေ။

လေ့ချန် ပြောချင်သည့် စကားများက လည်ချောင်းဝမှာ တစ်ဆို့သွားလေ၏။ ထိုမျက်လုံးတစ်စုံက အရာရာကို သိမြင်နေဟန် ရသည်။

ဘုရင့်နေပြည်တော်အတွင်းမှာပဲ, အရှင့်သားကို နာမည်ပျက်စေတဲ့ ကောလာဟလကို ဖြန့်နိုင်တဲ့ လူရဲ့ မူလဇာစ်မြစ်က သာမန် နောက်ခံရှိသူ မဟုတ်လောက်ဘူး၊ အရှင့်သား မစဉ်းစားမိဘူးလား၊ အရှင့်သားမှာ အဲကိစ္စကို တကယ်ပဲ ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိရင်, ဒီကိစ္စက အခုထက်ထိ ဆိုးရွားနေမှာ မဟုတ်တော့ဘူး၊ အဲဒီလက်သည်တရားခံကို အရှင့်သားက တကယ်ပဲ မသိဘူးလား... ဒါမှ မဟုတ်... အရှင့်သား ပြောဖို့ ကြောက်နေတာလား ဂျန်ဝုရှီ၏ အသံက နူးညံ့နွေးထွေးသည်။ သို့သော် အေးစက်ခြင်း အစွန်းတစ်ဖက်နှင့် ရောစွက်နေသည်။ အေးစက်စက် ဒီမနက်ခင်းမှာ ထိုအေးစက်စက် စကားလုံးများက ခန္ဓာကိုယ်ကိုပင် အေးစက်စက် ခံစားသွားစေနိုင်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now