၃၇၇။ "လေညင်းကျောင်းတော် - ၁"

551 50 0
                                    

၃၇၇။ လေညင်းကျောင်းတော် - ၁

လေညင်းကျောင်းတော်က ဒါဒူးတိုင်းပြည်၏ မြောက်ဖက်အရပ်တွင် တည်ရှိသည်။ ကျောင်းတော်၏ တည်နေရာက မြေပြန့်ဖြစ်ပြီး အင်မတန်ကျယ်ဝန်းသည်။

လေညင်းကျောင်းတော်၏ တံခါးများမှာ ရပ်ကြည့်လျှင် ၎င်းကျောင်းတော်၏ မြေပြင်အဆုံးကို မြင်နိုင်မည်မဟုတ်ဟူ၍ အရပ်စကားရှိသည်။

ထိပ်တန်းကျောင်းတော်သုံးခုတွင် အပါအဝင်ဖြစ်သည့် လေညင်းကျောင်းတော်က စက်တင်ဘာလတွင် ကျောင်းဝင်ခွင့် လက်ခံသည်။ ဒေသအသီးသီးမှ လူများက ကျောင်းတော်၏ ဂိတ်တံခါးသို့ အရောက်လာကြ၍ လူပင်လယ်ကြီးက အံ့မခန်း မြင်ကွင်းဖြစ်နေသည်။

နယ်ပယ်အသီးသီးမှ မိသားစုလိုက် မြင်းဆွဲရထားလုံးများက အဆုံးမရှိ တလိမ့်လိမ့်လာနေကြသည်။ သူတို့က မိုင်ထောင်ချီအဝေးမှပင် လေညင်းကျောင်းတော်သို့ လာရောက်ကြသည်။ နှစ်စဉ်နှစ်တိုင်း အောဂတ်စ်လနှင့် စက်တင်ဘာလကြားတွင် လေညင်းကျောင်းတော်၏ ဌာနချုပ်မှာသာမက, ပတ်ပတ်လည်မြို့များ၏ တည်းခိုခန်းများ, စားသောက်ဆိုင်များအားလုံးက အဆုံးမရှိ လာရောက်ကြသည့် လူများဖြင့် ပြည့်ကျပ်သွားကြသည်။

မိုးကောင်းကင်အောက်တွင် ကျောင်းတော်များက ကြယ်များလို များပြားစွာ ရှိကြသည်။ သို့သော် ကျောင်းတော်သုံးခုသည်သာ ပိရမစ်လို ထိပ်ပိုင်းအဆင့်မှာ ရှိသည်။ လေညင်းကျောင်းတော်က တစ်နေရာ ရယူထားသည်။

ကျောင်းတော်ကြီးသုံးခု၏ ဝင်ခွင့်စံသတ်မှတ်ချက်က အမြဲတမ်း တင်းကျပ်သည်။ သူတို့က ၁၄နှစ်မှ ၁၆နှစ်အထိ လူငယ်များကိုသာ လက်ခံကြသည်။ စံသတ်မှတ်ချက် မပြည့်မီသူများက လှည့်ပြန်ရုံအပြင် ရွေးချယ်စရာ မရှိချေ။

လေညင်းကျောင်းတော်ကို မဟာဌာနနှင့် ဌာနခွဲများဟူ၍ ခွဲခြားသတ်မှတ်ထားသည်။ မဟာဌာနက အဆင့်မြင့် လက်စွပ်ဝိညာဉ်ရှိသူများနှင့် ဝိညာဉ်စွမ်းအား ကောင်းသူများကိုသာ လက်ခံသည်။ သာမန်အရည်အချင်းရှိသူများက မဟာဌာနသို့ ဝင်ရောက်ရန် အိပ်မက် မက်ရုံသာ တတ်နိုင်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now