၈၄၉။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော်(၅)

243 30 0
                                    

၈၄၉။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော်(၅)

ဂျန်ဝုရှီက လက်ကို ဆန့်တန်း၍ ချူလင်းယွဲ့၏ လက်ကောက်ဝတ်ပေါ်သို့ သူမ၏ လက်ချောင်းဖျားလေးကို တင်လိုက်သည်။

မင်း ဘာလုပ်နေတာလဲ ဂျန်းယင်းလောင်က သူမ အခန်းထဲသို့ ဝင်ရောက်သည်မှ စ၍ သူမ၏ လှုပ်ရှားမှုတိုင်းကို လိုက်လံကြည့်ရှူနေခဲ့သည်။ ဂျန်ဝုရှီက ချူလင်းယွဲ့၏ အနီးသို့ ချည်းကပ်သွားသည်နှင့် သူ သံသယဝင်လာသည်။ ဂျန်ဝုရှီက ရုတ်တရက် လက်ဆန့်တန်း၍ ချူလင်းယွဲ့ကို ထိကိုင်လိုက်သည်နှင့် သူက အော်ငေါက်လိုက်သည်။

သူ့‌အော်ငေါက်လိုက်သံကြောင့် လူတိုင်း လှည့်ကြည့်လိုက်လျှင် ပြိုင်ဘက်ကင်း ချောမောသော အမျိုးသမီးငယ်လေးကို သူတို့ တွေ့လိုက်ကြရသည်။ သူမ၏ လက်က ချူလင်းယွဲ့၏ လက်ကောက်ဝတ်ပေါ်မှာ ရှိနေသည်။ သွေးကြော စမ်းသပ်နေသည့်ဟန် ဖြစ်သည်။

ဒီအမျိုးသမီးငယ်လေးက... နန်းတွင်းသမားတော် တစ်ယောက်က လေ့ချန်ကို စူးစမ်းလိုဟန်ဖြင့် မေးလိုက်သည်။

လေ့ချန် ပြန်ပြောလိုက်သည် ဒီအမျိုးသမီးငယ်လေးက ချီတိုင်းပြည် လင်းအိမ်တော်က သခင်မလေးပါ၊ သူမက အေးအေးဆေးဆေး ခရီးသွားလာနေရင်း ကျုပ်တို့ ရန်တိုင်းပြည်ကို တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတာ၊ သူမက ဆေးပညာမှာ အလွန်အမင်း ထူးချွန်တယ်လို့ ကျုပ် ကြားဖူးထားတယ်၊ အဲဒါနဲ့ ကျုပ်လည်း ချူလင်းယွဲ့ရဲ့ အနေအထားကို စဉ်းစားမိလို့ ကြည့်ပေးဖို့ သူမကို ဒီကို ဖိတ်ခေါ်လာခဲ့တာ။ လေ့ချန် ထိုစကားများကို ပြောချိန်မှာ သူ့အင်္ကျီအိတ်များမှာ သိုဝှက်ထားသော လက်သီးများကို သူ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

ကြည့်ရှူပေးဖို့ သူမကို ဖိတ်ခေါ်ခဲ့တာလား၊ အရှင့်သား ပြောတာ အမှန်လား သမားတော်များက လေ့ချန်ကို အံ့ဩဟန်ဖြင့် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က ဂျန်ဝုရှီကို လှည့်ကြည့်လိုက်ကြသည်။ အနေအထားက အတော်လေး ရယ်စရာကောင်းနေသလို သူတို့ ခံစားလိုက်ကြရသည်။

သူတို့က ဂျန်ဝုရှီ၏ မူရင်းဇာစ်မြစ်ကို စိတ်မဝင်စားကြချေ။ ဆယ့်ငါးနှစ်လောက်သာ ရှိသည့် မိန်းမငယ်လေးက သူတို့လို နာမည်ကျော်ကြားသည့် သမားတော်အုပ်စုတစ်ခုလုံး၏ ရှေ့မှာ ရပ်တည်၍ သူမကိုယ်ကို ပြသဝံ့သတဲ့လား။ ဒါက ဟာသဖြစ်မနေဘူးလော။

ပါရမီရှင်သမားတော်(၂)Onde as histórias ganham vida. Descobre agora