၇၃၂။ ရှစ်ခုမြောက် ရိုက်ချက် (၁၃)

248 31 0
                                    

၇၃၂။ ရှစ်ခုမြောက် ရိုက်ချက် (၁၃)

နင်ရူ၏ အပြောကြောင့် လေညင်းကျောင်းတော်တစ်ခုလုံး ရုတ်တရက် လုံးလုံး တိတ်ဆိတ်သွားလေ၏။ လူတိုင်း၏ မျက်လုံးများက နင်ရူအား စူးစိုက် ကြည့်လိုက်ကြသည်။

လူငယ်များကို မိုးကောင်းကင်အဆုံး ချောက်နက်သို့ သွားဖို့ ပြောခြင်းက သူတို့ကို သေခြင်းသို့ ပို့ဆောင်ခြင်းနှင့် အတူတူသာ ဖြစ်သည်။

နင်ရူ စိတ်မနှံ့တော့ဘူးလော။

ခင်များက တကယ်ပဲ ဆင်ခြင်တုံတရား ကင်းမဲ့သွားပြီပဲ၊ ခင်ဗျားက ကျောင်းအုပ်ကြီးကို သတ်တာ မလုံလောက်လို့, အခု လေညင်းကျောင်းတော်သားတွေ ဆရာတွေကို ခြင်္သေ့တွင်းကို ပို့မလို့ လုပ်နေပြန်ပြီ၊ ခင်ဗျားက လေညင်းကျောင်းတော်မှာ ရှိတဲ့ လူတိုင်း တစ်ယောက်မကျန် သတ်ဖြတ်ဖို့ ရည်ရွယ်ထားသလား၊ အကုန်သေမှ ခင်ဗျား ကျေနပ်သွားမှာလား ဖန်ဂျင် ပြင်းပြင်းထန်ထန် ဒေါသူပုန်ထသွားသည်။

နင်ရူက သက်ရောက်ဟန် မရဘဲ ပြန်ပြောသည် မင်း ပြောတာ မဆိုးဘူး၊ ဒါ အသက်ဆက်ဖို့ အသင့်တော်ဆုံး အနေအထားပဲ၊ ငါက သူတို့တွေကို လေ့ကျင့်ရေး ဆင်းဖို့ ပို့မှာ၊ သူတို့ အဲနေရာကနေ အသက်ရှင်လျက် ပြန်လာခဲ့ရင်, သူတို့ အနာဂတ်က မြင့်မားသွားမှာ အသေအချာပဲ၊ စမ်းသပ်ချက်ကို မအောင်မြင်တဲ့ လူတွေကတော့.... နင်ရူက ကြောက်လန့်တကြား မျက်လုံးများဖြင့် ကြည့်နေကြသော လူငယ်များကို ဝေ့ဝဲ၍ ရန်လိုသော အကြည့်ဖြင့် စူးစူးရဲရဲ ကြည့်လိုက်သည်။

ကနေ့မှာ ဒီလို အဖြစ်မျိုး မဖြစ်လာခဲ့လျှင်, ဖန်ချီအား သတ်ဖြတ်ဖို့ သူ့ အကွက်ချ စီမံမှုက မပေါ်ပေါက်ခဲ့လျှင်, သူ အပြစ်ရှိသလို ခံစားမိအုံးမည် ဖြစ်သည်။ သို့သော် အခု သူတို့အားလုံးကို လုံးဝဥဿုံ အမြစ်ဖြတ်ပစ်ဖို့ သူ မစောင့်နိုင်လောက်အောင် ဖြစ်နေလေ၏။

သူတို့ မရုန်းကန်နိုင်ရင်, သူတို့ အရည်အချင်း ချို့တဲ့တာကိုပဲ အပြစ်တင်ရလိမ့်မယ် နင်ရူက ပြော၍ လူသားမဆန်စွာ ရယ်လိုက်သည်။

ထိုအခိုက်တွင် ဖန်ဂျင်နှင့် ဖန်ဇိုသာ ဒေါသထွက်သည် မဟုတ်ဘဲ, လေညင်းကျောင်းတော်သားများသည်ပင် အချည်းနှီး ရပ်မကြည့်နိုင် ဖြစ်သွားကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now