၂၃၄။ "စတုတ္ထရိုက်ချက် - ၂"

1K 82 0
                                    

၂၃၄။ “စတုတ္ထရိုက်ချက် - ၂”

ခဏအကြာမှာတော့ ညီလာခံ ခန်းမထဲတွင် လုံးလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ နန်းတွင်းသူများ မိန်းမစိုးများက ထောင့်ကပ်၍ အော်ဟစ်နေကြသည်။ သူတို့က နောက်ထပ် ဆုပ်စရာမရှိတော့လို့ ဖြစ်သည်။

“ဟမ်, မင်းတို့အားလုံးက ငါ့ဆီ တစ်ခါတည်း အကုန်လာကြတယ်ပေါ့, ပျော်စရာပဲ...” လူဆယ်ယောက်ကျော် သူ့ဆီ တစ်ပြိုင်နက် ပြေးဝင်တိုက်ခိုက်တာကို တွေ့ရလျှင် အမူးသမား ကြာပန်းက နည်းနည်းလေးမျှ နောက်မဆုတ်ဘဲ ပိုလို့ပင် စိတ်လှုပ်ရှားလာသည်။ သူက အကောင်းစား ဝိုင်ကရားကို တစ်ကျိုက်တည်း မော့သောက်၍ နံရံတွင် ကရားကို ပစ်ခွဲလိုက်သည်။ ယစ်မူးဖွယ် ဝိုင်က သူ့ခန္ဓာကိုယ်တောက်လျှောက် ပြန့်နှံ့သွားပြီး ပါးများက နီရဲလာပြီး သူက ကျေနပ်အားရစွာ အော်ပြောလိုက်သည် “ဝိုး... မင်းတို့ရဲ့ သခင်ကြီး အမူးသမားကြာပန်းက အားပါးတရ သတ်ဖြတ်ရတော့မှာပေါ့။”

“မင်း ဘယ်လောက်ထိ မာန်ထောင်နိုင်မလဲ ကြည့်ရတာပေါ့, ကိုယ့်လူတွေ, လာကြ, သူ့ခေါင်းကို ယူကြစို့” ဂျန်းချန်ချင်းက အံကြိတ်၍ အမူးသမားကြာပန်းကို ထိတ်ထိတ်လန့်လန့် ကြည့်သည်။ သူ့ဘဝမှာ တစ်ခါမျှ အရှက်မကွဲခဲ့ဖူးပေ။ အမူးသမားကြာပန်း၏ အရိုးကို ချိုးခြေ၍ သူ့ကို ပျာဖြစ်အောင် လုပ်ဖို့ သူက ဆန္ဒစောနေသည်။

ချင်းယန်ကလန်တပည့်များက အမူးသမားကြာပန်းကို တိုက်ခိုက်ရန် အပြာရောင် ဝိညာဉ်စွမ်းအားရှင်များနှင့် ပူးပေါင်းလိုက်ကြသည်။ အနက်ရောင်သားရဲကြီးက လူအုပ်ကို ရှောင်သွားဖို့ အခွင့်အရေးကို အရယူလိုက်သည်။ သို့သော် အပြာရောင်ဝိညာဉ်စွမ်အားရှင်နှစ်ဦးက သူ့လမ်းကို ပိတ်ဆို့လာကြသည်။ အနက်ရောင်သားရဲကြီးက သူတို့အတွက် လျင်မြန်လွန်းနေသည်မို့ သားရဲကြီးက သူတို့ကို ကွေ့ပတ်ရှောင်ရှား၍ ကျော်ဖြတ်သွားသည်။

(မင်းတို့ အရူးတွေ အမူးသမားကြာပန်းနဲ့ သွား တိုက်ပါလား, ငါက တိတိကျကျ အမိန့်ကို နာခံရအုံးမယ်။)

ပါရမီရှင်သမားတော်(၂)Where stories live. Discover now