၄၆၅။ "ချစ်စရာကောင်းတာက အားသာချက်-၃"

465 49 0
                                    

၄၆၅။ ချစ်စရာကောင်းတာက အားသာချက်-၃

ဂျန်ဝုရှီက ခေါင်းနှစ်လုံးမြွေကို ပထမဆုံးတစ်ပတ်လည်အောင် အပြည့်အဝ ကုသပေးပြီးနောက် ၎င်းမြွေက အခြေအနေ တိုးတက်ကောင်းမွန်လာသည်။ ယခင်က စိုးရိမ်ဖွယ်ရာ ငိုက်စိုက်ကျနေသော ခေါင်းများက သန်သန်မာမာဖြင့် ပြန်လည် မတ်လာကြသည်။

ကုသမှု ပြီးသွားလျှင် ဂျန်ဝုရှီက နောက်သို့ ရုတ်တရက် ပစ်ကျသွားသည်။

ဂျန်ဝုရှီ နောက်သို့ ပစ်ကျသွားတာကို မြင်ရလျှင် ကျောက်ချူတို့အုပ်စုက တုန်လှုပ်သွားကြကာ အလျင်အမြန် ထပြေးလာကြသည်။ အဆင့်မြင့် လက်စွပ်ဝိညာဉ်နှစ်ကောင်ကို ဆက်တိုက် ကုသပေးရသဖြင့် သူတို့၏ ပိန်သွယ်သွယ်လေး စွမ်းအင်ကုန်ခမ်းသွားတာကို စိုးရိမ်ပူပန်သွားကြသည်။

သို့သော်ငြား သူတို့ ဂျန်ရှီနားသို့ မရောက်ခင်မှာပင်...

ဂျန်ဝုရှီက အားပါးတရ ရွှင်မြူးစွာ အော်ဟစ်၍ အမွှေးထူ ဆိုက်ကြီး ဝက်ဝံ၏ ဗိုက်သားထဲမှာ သူ့ဘာသာ နစ်ဝင်နေတာကို တွေ့မြင်လိုက်ကြသည်။ သူမ၏ ခန္ဓာကိုယ်လေးက အမွှေးထူဝက်ဝံ၏ ဗိုက်သားထဲ လုံးလုံး နစ်မြုပ်သလောက် ဖြစ်နေ၏။ ဇိမ်ခံလို့ကောင်းသော နူးညံ့သော အမွှေးပွအတွင်းမှာ ဂျန်ဝုရှီက အသက်ပြင်းပြင်း ရှူလိုက်သည်။

ဂျန်ဝုရှီထံ အပြေးလာကြသော သူတို့က လမ်းတစ်ဝက်မှာပင် ရပ်တန့်သွားကြသည်။ သူတို့ မျက်နှာများ ရှူံ့မဲ့မဲ့ ဖြစ်ကုန်၍ သူတို့ မူလနေရာသို့ ပြန်ဆုတ်သွားကြသည်။

ဂျန်ဝုရှီ၏ ဝိညာဉ်စွမ်းအားများ မကုန်ခမ်းတာကို သူတို့ သတိပြုမိကြသည်။ သို့သော် ဂျန်ရှီက နူးညံ့သော အမွှေးပွအတွင်းမှာ သက်သောင့်သက်သာဖြင့် ဇိမ်ခံလိုပုံ ရသည်။

သူတို့ ရုတ်တရက် သိလိုက်ရတာက တွန့်ဆုတ်ခြင်းမရှိ ပြတ်ပြတ်သားသား သတ်ဖြတ်ရဲသော ဂျန်ရှီက ယခုလို ဖြစ်နေသော ဂျန်ရှီနှင့် မလိုက်ဖက်စွာ တခြားစီ ဖြစ်နေတာကိုပင် ဖြစ်သည်။

ဟမ် ယင်ယန်ဝက်ဝံက သူ့ဗိုက်သားထဲမှာ ခြေလက်ကားယားဖြင့် လှဲနေသော ဂျန်ရှီကို ခေါင်းငုံ့ကြည့်သည်။ ထို့နောက် သူ့ခေါင်းက တစ်ဖက်သို့ စောင်းသွားသည်။ သူ နားလည်ပုံ မရချေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now