၇၆၃။ မီးဝိညာဉ် လေလံအိမ်တော် (၆)

204 27 1
                                    

၇၆၃။ မီးဝိညာဉ် လေလံအိမ်တော် (၆)

ခြောက်‌ယောက်လား ချူလင်းယွဲ့က မေးသည်။ ၎င်းအရေအတွက်ကို မယုံကြည်နိုင်သဖြင့် သူမ မျက်လုံးပြူးသွားရသည်။

မည်သည့် ကျောင်းတော်မျိုးမဆို, တိုက်ပွဲတွင် ဆယ်နေရာပြည့်အောင် ဖြည့်ကြသည်သာ။ ပြိုင်ပွဲအတွက် ဆယ်နေရာတောင် မဖြည့်နိုင်သော ကျောင်းမျိုးကို သူတို့ မကြားစဖူးပေ။ လေညင်းကျောင်းတော်၏ အခြေအနေမျိုးကို လိပ်ပြာတိုက်ပွဲ ကျင်းပသည့် သမိုးတစ်ခုလုံးမှာ မကြားဖူးကြပေ။

လေ့ချန် ခေါင်းညိတ်ပြသည်။ ပြီးခဲ့တဲ့ နှစ်, ပညာသင်နှစ် အဆုံးမှာ လေညင်းကျောင်းတော်က ပြဿနာအကြီးကြီး ဖြစ်သွားခဲ့တယ်၊ အဲပြဿနာကြောင့် ကျောင်းသားတွေ ဆရာတွေ အများကြီး ထွက်သွားကြတယ်၊ တိုက်ပွဲဝင်မဲ့ လေညင်းကျောင်းတော်တပည့်တွေရဲ့ နာမည်စာရင်းကို ငါ ဖတ်လာခဲ့တယ်၊ ခြောက်ယောက်စလုံးက လူသစ်တွေချည်းပဲ၊ သူတို့နာမည်တွေကို အရင်က ငါ မကြားဖူးဘူး၊ နာမည်စာရင်းမှာ ပါတဲ့ တစ်ယောက်တည်းကိုပဲ ငါ သိတယ်၊ သူက ဖန်ဂျင့်ညီ, ဖန်ဇိုပေါ့။

သူက.... မနာမကျန်း ဖြစ်နေတဲ့ သူမို့လား၊ သူလည်း ဒီနှစ် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာတဲ့လား တိတ်ဆိတ်နေသော လူငယ်က ဖန်ဇိုဆိုသည့် နာမည်ကို ကြားရလျှင် လှုပ်လှုပ်ရှားရှား ဖြစ်လာကာ မေးသည်။ သူက သရဲတစ်ကောင်ကို တွေ့ရသလို လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

လေ့ချန်က ရယ်မော၍ ပြန်ပြောသည် အမှန်ပဲပေါ့၊ ဖန်ဇိုက မကျန်းမမာနဲ့ အားနည်းချည့်နဲ့တယ်ဆိုတာ လူတိုင်း သိနေတာပဲ၊ ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် သူလည်း တိုက်ပွဲ ဝင်ရဖို့ အတင်းအကျပ် ခိုင်းခံလိုက်ရတဲ့ ပုံပေါ်တယ်၊ ဒီနှစ် ပြိုင်ပွဲ ဝင်ရဖို့တောင် လေညင်းကျောင်းတော်က အသဲအသန် ကြိုးပမ်းခဲ့ရတဲ့ ပုံပဲ၊ အဲခြောက်ယောက်က အတော်ဆုံးတွေထဲကနေ မနည်းခြစ်ကုတ်ကုပ်ပြီးတော့ ဆွဲထုတ်လာရတာနဲ့ တူတယ်၊ အဲဒါ သူတို့ လုပ်နိုင်စွမ်း အကုန်ပဲ ဖြစ်ရမယ်။

လူငယ်က ကျွတ်ကျွတ်လုပ်၍ ပြောသည် လေညင်းကျောင်းတော်က ဒီနှစ်မှာ အဆင့်ရဖို့ ရည်ရွယ်ထားပုံတောင် မပေါက်တော့ဘူး၊ မဟုတ်ဘူး...... တိတိကျကျ ပြောရရင်, သူတို့က တိုက်ပွဲဝင်ဖို့တောင် အရည်အချင်း မပြည့်မီတော့ဘူး၊ လေညင်းကျောင်းတော်က မကြာခင်မှာပဲ ထိပ်တန်းကျောင်းတော်သုံးခု စာရင်းကနေ ကျဆင်းသွားတော့မယ်နဲ့ တူတယ် သူက ပြောနေရင်း ချူလင်းယွဲ့၏ အမူအရာကို လေ့လာဆန်းစစ်လျက် တမင်တကာ ပြောသည် လေညင်းကျောင်းတော်ရဲ့ တော်တဲ့ ဆရာဟောင်းတွေ အကုန်လုံး ထွက်ခွာသွားလို့, အရည်အချင်း မရှိတဲ့ ဆရာတွေပဲ ကျန်ခဲ့လိမ့်မယ်၊ အဲလူကို ကြည့်လိုက်, သူက ငါတို့ထက် အသက်ကြီးမဲ့ ပုံလည်း မပေါ်ဘူး၊ သူက ဘယ်လောက် တော်မှာမို့လို့လဲ၊ အမကြီးဖူ ပြောတာ မှန်တယ်၊ ဘယ်လောက်ပဲ ကြည့်ကောင်းကောင်း, ဒါက အပေါ်ယံ အခွံသက်သက်ပဲ၊ အရည်အသွေးမရှိရင်တော့ အရူးအပေါသာသာပဲပေါ့။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now