၂၅၄။ "တိမ်ထူ တောင်ထွတ်များ - ၁"

992 91 0
                                    

၂၅၄။ “တိမ်ထူ တောင်ထွတ်များ - ၁”

လတိုင်း၏ ၁၅ရက်မြောက်နေ့တွင် ချင်းယန်ကလန်၏ တိမ်ထူတောင်ထွတ်များက အလွန် အလုပ်များနေပြီး အလွန်ပင် သက်ဝင်လှုပ်ရှားနေကြသည်။ အုတ်အုတ်ကျက်ကျက်ဖြင့် ပျာယာခတ်နေကြသည်။ တိမ်ထူတောင်ထွတ်များသည် တိုင်းပြည်များ၏ နယ်ခြားတွင် တည်ရှိနေကြသော်လည်း မည်သည့် တိုင်းပြည်ကမျှ မပိုင်ဆိုင်ကြချေ။ သီးခြားလွတ်ကင်းသည့် နယ်မြေဖြစ်သည်။ တိမ်ထူတောင်ထွတ်များက သွားလာရ ခက်ခဲကြပြီး တောင်ထွတ် ၁၂ခုရှိသော်လည်း တောင်တက်လမ်းတစ်ခုတည်းသာ ရှိသည်။

တိမ်ထူတောင်ထွတ်များက ခံ့ညားထယ်ဝါသောကြောင့် အားကျရှူစားစရာ ဖြစ်နေသည်မဟုတ်ဘဲ ချင်းယန်ကလန်က တောင်ထွတ် ၁၂ခုစလုံးကို ပိုင်ဆိုင်ထားသောကြောင့် အားကျရှူစားစရာ ဖြစ်နေခြင်း ဖြစ်သည်။

သူတို့၏ ဆေးပညာစွမ်းရည်က ဂုဏ်သတင်းကြီးမား၍ ကုန်းမြေတစ်ခုလုံးကို ဖြတ်ကျော်ကာ အင်အားကြီး ကလန်တစ်ခု ဖြစ်လာပြီး ဆေးပညာမှာ အရည်အချင်းမြင့်မားသည့် တပည့်များကို စုဆောင်းရန် တောင်တံခါးကို စမ်းသပ်ချိန်မှာ ဖွင့်ပေးလေ့ရှိသည်။ စမ်းသပ်စစ်ဆေးမှုကို ဖြတ်ကျော်နိုင်သူများက ချင်းယန်ကလန်၏ တပည့်အနေဖြင့် ဝင်ခွင့်ရကြသည်။

ချင်းယန်ကလန်က ကျယ်ပြန့်သော ကုန်းမြေပြင်မှာ ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့သည်။ ထို့ပြင် အထူးကျွမ်းကျင်သော အကြီးအကဲများက တောင်ထွတ်တိုင်းမှာ ကြီးကြပ်ကွပ်ကွဲနေကြသည်။

ချင်းယန်ကလန်တွင် ရေတွက်မရနိုင်သော အထွတ်အထိပ်ဆေးပညာ လက်ရေးမူများ, မှတ်တမ်းများ တည်ရှိနေကြသည်။ ဆေးပညာလိုက်စားသူများအတွက် အထွတ်အမြတ်နေရာတစ်ခု ဖြစ်သည်။ ချင်းယန်ကလန်သို့ ဝင်ခွင့်ရသူ မည်သူမဆို, အဆင့်အတန်းက လျင်မြန်စွာ တိုးတက်သွားသည်။ အတွင်းသား တပည့်ဖြစ်လာလျှင်, သူတို့၏ အဆင့်အတန်းက ကောင်းကင်သို့တိုင် ချက်ချင်း ခုန်တက်သွားကြသည်။

ပါရမီရှင်သမားတော်(၂)Opowieści tętniące życiem. Odkryj je teraz