၅၂၁။ အမဲလိုက်ပွဲ ပြီးဆုံးခြင်း-၃

454 45 0
                                    

၅၂၁။ အမဲလိုက်ပွဲ ပြီးဆုံးခြင်း-၃

လီဇီမု ပါဝင်ခဲ့သော အဖွဲ့က လိပ်ပြာသားရဲတောအုပ်တွင် ဂျန်ရှီ၏ အကူအညီကို အများကြီး ရထားသည်။ စခန်းသို့ သူတို့ ပြန်ရောက်လာပြီးနောက် ဂျန်ရှီ၏ ဂုဏ်သိက္ခာကို သူတို့ မပြတ်တမ်း ကာကွယ်ပေးကြသည်။

သူတို့က လီဇီမု၏ သစ္စာဖောက်တာကို ခံရပြီး တောအုပ်ကြီးတွင် သူတို့ အသက်များ ဆုံးရှူံးလုမတတ် ဖြစ်သွားခဲ့ရသည်။ ဂျန်ရှီ၏ ကြင်နာစွာ ကူညီပေးမှုကြောင့် သူတို့ အသက်ကို ကယ်တင်နိုင်ခဲ့သဖြင့် သူတို့ အလွန်အမင်း ကျေးဇူးတင်မိကြသည်။ သို့သော် သူတို့က လီဇီမု၏ ချဲ့ကားလိမ်ညာမှုကြောင့် အရင်က ဂျန်ရှီကို ပြစ်တင်ဝေဖန် ရှုံ့ချခဲ့ကြသည်။ ထို့ကြောင့် သူတို့က သူတို့ နှလုံးသားထဲမှ ကျေးဇူးတင်နေသော်လည်း ဂျန်ရှီနှင့် မျက်နှာချင်း မဆိုင်ဝံ့ကြချေ။ သူတို့ စိတ်နှလုံးက နောင်တကြီးစိုးပြီး အရှက်ရနေကြသည်။

အဆင့်နိမ့် လိပ်ပြာသားရဲကို ဂျန်ဝုရှီ ခေါ်လာခဲ့သည့် သတင်းက စခန်းတစ်ခုလုံး ပျံ့နှံ့သွားသည်။ သို့သော် သည်သတင်းက လွန်စွာ အုတ်အော်သောင်းနင်း မဖြစ်စေ။ ထိုစဉ် တခြားသတင်းက စခန်းတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

လူဝေဂျိုင် ပါဝင်ဖွဲ့စည်းထားသော အသန်မာဆုံး အဖွဲ့က အမဲလိုက်ပွဲ မပြီးခင်မှာပင် တိုက်ပွဲတောအုပ်မှ ထူးဆန်းစွာ ထွက်ခွာသွားခဲ့သည်။ အဖွဲ့ထဲမှ တစ်ဦးတလေပင် မကျန်ရစ်ခဲ့ပေ။ သူတို့အားလုံးကို နန်ဂုန်းစီကိုယ်တိုင် လေညင်းကျောင်းတော်သို့ ပြန်ခေါ်သွားခဲ့သည်။

ထိုထိတ်လန့်ဖွယ် သတင်းက တပည့်များအားလုံးကို တုန်လှုပ်သွားစေပြီး ရှိနေကြသူ အားလုံး အပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်သည်။

အရင်တစ်ခေါက် လိပ်ပြာသားရဲ အမဲလိုက်ပွဲတွင် ပထမရခဲ့သူက ထိုနှစ်မှာပင် ပျောက်ကွယ်သွားခဲ့တာ လူတိုင်း သိထားသည်။ လေညင်းကျောင်းတော်တွင် ထိုပထမရသူက တစ်ခါမှပင် ပေါ်ပေါက်မလာတော့ပေ။ လက်ရှိ လေညင်းကျောင်းတော်တွင် အင်အားအတောင့်တင်းဆုံးက လူဝေဂျိုင် ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now