၂၈၉။ "အလှတရား၏ ပြင်ပန်းသွင်ပြင် - ၁"

827 68 0
                                    

 ၂၈၉။ “အလှတရား၏ ပြင်ပန်းသွင်ပြင် - ၁”

“ခင်ဗျား မြင်နေရတာကို သဘောကျလား” ဂျန်ဝုရှီက ရုတ်တရက် မေးသည်။ သူမအသံက ထူးထူးခြားခြား အေးစက်မာကျောနေပြီး မြေအောက်ခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ အစစ်အမှန်မဟုတ်သလိုပင်။

ခဲချန်ဂျုမျက်နှာက အပြုံးများဖြင့် ဝေဆာနေသည်။ သူ့မျက်လုံးများက အရူးအမူး ဖြစ်နေကြသည်။ သူက ဂျန်ဝုရှီ ပြောတာကိုပင် မကြားမိချေ။ သူက ထင်ဟပ်နေသည့် ပုံရိပ်ကို စူးစိုက်ကြည့်နေပြီး ပုံရိပ်မှ သူ့မျက်လုံးများကို မခွာနိုင် ဖြစ်နေသည်။ ထို့နောက် သူက တုန်ယင်နေသော လက်များဖြင့် သူ့မျက်နှာပေါ်မှ သွေးများကို အသာအယာ သုတ်လိုက်သည်။ မျက်နှာက ပြစ်မျိုးမထင် သန့်စင်နေသည်။

သည်လို အလှကို မည်သည့် နည်းဖြင့်မဆို အစွန်းအထင်း မခံသင့်ပေ။

သူက သွေးများကို အသာအယာ နည်းနည်းချင်းစီ သုတ်ပစ်သည်။ သူ၏ ထူးခြားကာ ကြည့်ကောင်းသည့် ရုပ်သွင်ကြောင့် တစ်ချိန်လုံး အလွန်အံ့ဩနေသည်။

ရုတ်တရက်, ရေမျက်နှာပြင်တွင် ပြသနေသည့် ပုံရိပ်က ချောမောသည့် မျက်နှာတွင် အက်ကွဲရာကို ပြသလာသည်။ ပါးလွှာသည့် အ‌ရေပြားက ကွဲအက်လာပြီး မျက်နှာပြင်ပေါ်ရှိ ကွဲအက်ရာမှ သွေးများ ယိုစီးကျလာသည်။

“မဟုတ်ဘူး...မဖြစ်ရဘူး...”ခဲချန်ဂျုက ရေမျက်နှာပြင်တွင် ထင်ဟပ်နေသည့် မျက်နှာကို ကြည့်လိုက်သည်။ အစောပိုင်းလေးတွင် ပြစ်မျိုးမထင် သန့်စင်နေပါလျက်, အခု နည်းနည်းချင်းစီ ကွဲအက်လို့လာသည်။ အံ့ချီးဖွယ်လက်ရာကို ကြည့်နေသည့် ထိုမျက်လုံးများက မယုံကြည်နိုင်ခြင်းဖြင့် ထိတ်လန့်သွားကြသည်။ သူ့လက်များဖြင့် သူ့မျက်နှာအရေပြားကို အကျိုးမရှိသော်လည်း ဆုပ်ကိုင်ထားသည်။

ဆုပ်ကိုင်ထားသော်လည်း အကျိုးမရှိပေ။ လုံးဝ ဖြစ်နိုင်ချေ မရှိပေ။ ခဲချန်ဂျုမျက်နှာ၏ အရေပြားသည် ဒရမ်မျက်နှာပြင်လို ဆန့်လာသည်။ ပါးလွှာသည့် မျက်နှာပြင်အရေပြားက ဆွဲစိလို့ မရတော့ဘဲ တတိတိ ကွဲအက်လာသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now