၄၆၁။ "ဆက်တိုက်ရိုက်ချက်၊ ပထမပုံစံ-၈"

425 45 0
                                    

၄၆၁။ ဆက်တိုက်ရိုက်ချက်၊ ပထမပုံစံ-၈

အနက်ရောင်သားရဲကြီး ခုန်အုပ်လာချိန်မှာ ဟွာယောင်းနှင့် ကျောက်ချူက လီဇီမုမှ အလျင်အမြန် နောက်သို့ ခုန်ဆုတ်သွားကြသည်။ ကြောက်လန့်တကြားအော်ဟစ်နေသော လီဇီမုက အနက်ရောင် သားရဲကြီးကို ရှင်းရှင်းလင်းလင်းပင် မမြင်လိုက်ဘဲ မြေပြင်မှာ ဖိသိပ်ခံလိုက်ရသည်။ အနက်ရောင်သားရဲကြီး၏ ငွေဖြူရောင်အစွယ်များ ထွက်လာပြီး လီဇီမု၏ လည်ပင်းကို ကိုက်ချသွားသည်။ ဂျွတ်ခနဲ မြည်သံနှင့် အတူ စူးရှရှ အော်သံပါ ရပ်တန့်သွားသည်။

အနက်ရောင်သားရဲကြီး၏ အစွယ်များမှ သွေးများ ပန်းထွက်လာပြီး ရှုပ်ပွနေသော မြေပြင်ပေါ်သို့ ပျံ့နှံကျသွားသည်။

နင် ဒါကို လိုချင်သေးလား အမူးသမား ကြာပန်းလေးက ငွေရောင်ဝံပုလွေကို ချုပ်ကိုင်ထားရင်း ဂျန်ဝုရှီသို့ လှည့်ကာ ‌မေးသည်။ လီဇီမု သေသွားသဖြင့် ငွေရောင်ဝံပုလွေက ကြာရှည် တည်ရှိမည် မဟုတ်ဘဲ ပျောက်ကွယ်ပြီး ဝိညာဉ်ကမ္ဘာသို့ ပြန်ရောက်သွားမည် ဖြစ်သည်။ ဂျန်ဝုရှီက ဝိညာဉ်စွမ်းအား အဆင့်ချိုးဖျက်တက်ရောက်ဖို့ ငွေရောင်ဝံပုလွေကို အသုံးချလိုလျှင် သူမ အမြန်လှုပ်ရှားရမည် ဖြစ်သည်။

ဂျန်ဝုရှီ ခေါင်းညိတ်ပြသည်။ အမူးသမား ကြာပန်းက ဝိုင်ကရားကို သူ့ခါးမှာ ချိတ်လိုက်သည်။ သူက ဂျန်ဝုရှီ၏ ခါးကို လက်ဖြင့် သိုင်းဖက်၍ အမြင့်ဆုံးသစ်ပင်၏ ထိပ်သို့ အလွယ်တကူ ခုန်တက်သွားသည်။ ခဏလေးဖြင့် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ သစ်ကိုင်းကြီးကြီးနှင့် သစ်ရွက်ထူထူများကြားမှာ ပုန်းခိုလိုက်သည်။

အနက်ရောင်သားရဲကြီးက လီဇီမု၏ လည်ပင်းကို လွှတ်လိုက်၍ သစ်ပင်အောက်တွင် ထိုင်၍ သူ့လက်ဖဝါးများကို သွေးစွန်းနေသော လျှာဖြင့် လျက်နေသည်။

အရာရာတိုင်းက လျင်မြန်စွာ ဖြစ်သွားသဖြင့် ဖန်ဂျင် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ချေ။ သူက သစ်ပင်အောက်တွင် ထိုင်နေသော အနက်ရောင်သားရဲကြီးကို မျက်တောင် မခတ်တမ်း စူးစိုက်ကြည့်နေမိသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now