၃၄၀။ "လွှမ်းမိုးနိုင်လွန်းသော - ၃"

635 53 2
                                    

၃၄၀။ “လွှမ်းမိုးနိုင်လွန်းသော - ၃”

“ဒါ, ငါ့သခင်ကြီးအတွက် စိတ်ဝင်စားစရာ ဖြစ်လိမ့်မယ်။” ယဲ့ရှက သူ့မေးစေ့ကို ပွတ်သပ်သည်။ ထို့နောက် သူက မြွေသေးသေးလေး တစ်ကောင်ကို သစ်ပင်များကြားမှ လွှတ်လိုက်သည်။

ယဲ့ရှ၏ နေ့စဉ်တာဝန်က ဂျန်ဝုရှီအား လျှို့ဝှက် ကာကွယ်ရန် ဖြစ်သည်။ သို့သော် သခင်မလေးက ကြမ်းကြုတ်ရက်စက်ပြီး ချင်းယန်ကလန်မှာ သူမ မဖြေရှင်းနိုင်သည့် ကိစ္စ မရှိခဲ့ချေ။ မကြာခင် ယဲ့ရှက ကာကွယ်စရာမလိုအပ်သဖြင့် သူ့နေ့စဉ် လုပ်ငန်းက သူမ ကြိုက်သော မကြိုက်သော အရာများနှင့် သူမ၏ နေ့စဉ် လုပ်ဆောင်ချက်များကိုသာ သတင်းအဖြစ်စုဆောင်းခြင်းသာ ဖြစ်လာတော့သည်။ သူက သတင်းအချက်အလက်များကို စာရွက်အပိုင်းလေးတွင် ရေးမှတ်၍ မြွေနက်လေးမှ တဆင့် ချီတိုင်းပြည်ရှိ ဂျန်ဝု‌ယောင်းထံ တင်ပို့ရသည်။

ယဲ့ရှက မြွေနက်လေးကို လွှတ်လိုက်သည့် အချိန်မှာပင်, သူ့မျက်နှာက ရုတ်တရက် မာတောင့်သွားသည်။

အင်အားကြီးမားလွန်းသည့် လူနှစ်ယောက်က ကြောက်မက်ဖွယ် အရှိန်ဖြင့် ရောက်ရှိလာကြသည်။

ယဲ့ရှက လှုပ်လှုပ်ရွရွ ဖြစ်လာ၍ သူ့ခန္ဓာကိုယ်က တင်းမာသွားသည်။ သူ့မျက်လုံးများက ပတ်ဝန်းကျင်ကို ဂရုတစိုက် အကဲခတ်သည်။

အမွှေးပွပွ ဗိုက်ထဲဝယ် သဘောတွေ့နေသည့် ဂျန်ဝုရှီက သက်သောင့်သက်သာ အနားယူနေစဉ်, ရုတ်တရက်, လူစိမ်းတစ်ယောက်က သူမ၏ သဘောတွေ့နေခြင်းကို ကြားဖြတ်၍ စကားပြောလာသည်။

“ဒါဆို, မင်းက ဘယ်မှာလဲ။”

ရုတ်တရက် ထွက်ပေါ်လာသည့် အသံကြောင့် သူတို့ သုံးယောက်က လှည့်ကြည့်လိုက်ကြသည်။

သူတို့နှင့် အနည်းငယ်ကွာလှမ်းသော နေရာတွင် ကြည့်ကောင်းသည့် လူနှစ်ယောက်ကို သူတို့ တွေ့လိုက်ကြသည်။ ထိုလူနှစ်ယောက်က သူတို့သုံးယောက်ကို အသေအချာ စူးစမ်းလေ့လာနေကြသည်။ ထိုလူနှစ်ယောက်က အထူးအဆန်း ရှာဖွေနေပုံရသည်။ သူတို့အကြည့်က လူငယ်သုံးယောက်ကို ကြည့်ရှူနေတာထက် ပစ္စည်းများကို တန်ဖိုးဖြတ်နေပုံ ပိုပေါက်နေသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now