၂၅၆။ "တိမ်ထူတောင်ထွတ် - ၃"

826 80 0
                                    

၂၅၆။ "တိမ်ထူတောင်ထွတ် - "

သူမက ဒီလောက် ကံကောင်းနေတာလား၊ ဒါမှမဟုတ် တော်လွန်းနေတာလား။

ချင်းယန်ကလန်က သူတို့အား သတ်မှတ်ချိန်နည်းနည်းသာ ပေးထားသည်။ ထိုသတ်မှတ်ချိန်အတွင်း နာမည်တပ်ထားသည့် ဆေးပင်များကို ရှာဖွေဖော်ထုတ်နိုင်မည်လို့ သူတို့ မထင်ကြချေ။ ဂျန်ဝုရှီက အလွယ်တကူ ဆောင်ရွက်နိုင်သွားတာကို တွေ့ရလျှင် သူတို့က အကြံနောက်တစ်မျိုး ရလာကြသည်။

သူတို့ရှေ့မှ ကောင်လေးက ရိုးရှင်းစွာ ဝတ်စားထားသည်မို့ ချမ်းသာသော မိသားစုမှ လာပုံမရချေ။ သည်ကောင်လေး၏ နောက်ခံမိသားစုက နိမ့်ပါးပုံရသည်။

ချင်းယန်ကလန်ထဲ ဝင်ရောက်ဖို့ အသည်းအသန်ဖြစ်နေသည့် အခြားလူငယ်များ၏ မျက်လုံးထဲမှာ ဂျန်ဝုရှီက အလွန်အားနည်းပုံပေါက်နေပြီး ကြီးကျယ်သည့် ပစ်မှတ် ဖြစ်နေသည်။

ချင်းယန်ကလန်က ဆေးပင်များကို ရွေးထုတ်ဖို့သာ နာမည်တပ်ပြောသည်။ မလုယူရ, မခိုးရဟူ၍ မပြောထားပေ။

"ကောင်လေး, ငါတို့ကို မင်းလက်ထဲမှာ ရှိတဲ့ဆေးပင်တွေ ပေးစမ်း၊ မင်းအတွက် လွယ်ကူနေမှတော့ နောက်တစ်ကျော့ ပြန်ယူပေါ့။"  လူငယ်တစ်ယောက်က ဂျန်ဝုရှီကို ကြည့်၍ ပြောသည်။ သူမက ငြင်းဆိုလျှင် သူက လုယူဖို့ ရည်ရွယ်ထားသည်။

တကယ်တော့, သည်လို အဖြစ်အပျက်များက တပည့်သစ်များ စုဆောင်းသည့် လတိုင်းမှာ တောင်ပေါ်တွင် ဖြစ်ပျက်နေကျ ဖြစ်သည်။ အငယ်ဆုံး တစ်ယောက်ယောက်က ဆေးဖက်ဝင်အပင်များကို အရင်ဆုံး ရှာဖွေ၍ ခွဲထုတ်နိုင်ပါက အကြီးများ၏ လုယူခြင်းကို ခံရသည်။ ချင်းယန်ကလန် တပည့်များက ထိုမတရားလုပ်ရပ်များကို မမြင်ချင်ယောင်ဆောင်နေကြပြီး ဝင်ရောက်စွက်ဖက်မှု မရှိကြချေ။

ဂျန်ဝုရှီအရင် အသက်၁၄နှစ် ၁၅နှစ်အရွယ်များက သားကောင်များ ဖြစ်ခဲ့ကြသည်။ အသက်ကြီးပြီး လူကောင်ထွားသူများက အုပ်စုဖွဲ့၍ အသက်ငယ်သူ လူကောင်ညှပ်သူများကို ဆေးပင်များ လုယူ၍ အနိုင်ကျင့်ခဲ့ကြသည်။ အနိုင်ကျင့်ခံရသူများက ချင်းယန်ကလန်သို့ ဝင်ခွင့် ဆုံးရှုံးသွားကြရသည်။ ထိုအနိုင်ကျင့်ခံ ‌ကလေးများက ပထမစမ်းသက်မှုမှာတင် ကျရှုံးသွားကြ၍ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now