၄၈၆။ "အကြမ်းတမ်းဆုံး တပ်ဖွဲ့-၅"

455 43 0
                                    

၄၈၆။ အကြမ်းတမ်းဆုံး တပ်ဖွဲ့-၅

ထို့နောက် နင်ရှင်း၏ မျက်နှာက ပြောင်းလဲသွားသည်။ သူမ၏ လှပသော မျက်နှာလေးက သူမရင်ထဲမှ လိပ်တက်လာသော ဒေါသကို ဖြေဖျောက်နေရသဖြင့် အားတင်းပြုံးနေရပုံ ပေါ်နေသည်။ သူမ လှည့်ထွက်သွားလျှင် အားတင်းအပြုံးလည်း အေးခဲသွားလေ၏။

နင်ရှင်း လှည့်ထွက်သွားမှသာ ရူလင်းစစ်သားများလည်း အသက်ရှူ ချောင်သွားကြသည်။

အဲကောင်မလေးကိုယ်နံ့က ဘယ်လိုလဲ၊ ပြင်းထန်လွန်းတဲ့ အနံ့ပဲ၊ နှာခေါင်းတောင် ပိတ်မိတော့မလို့။ စစ်သားတစ်ယောက်က သူ့နှာခေါင်းကို ပြင်းပြင်းထန်ထန် ပွတ်တိုက်နေ၏။ သူမ၏ ပြင်းထန်စူးရှသော အနံ့က သူ့နှာခေါင်းအား ဒုက္ခပေးသွားသည်။ သူမ သူတို့နှင့် ရှိစဉ်မှာ သူ မျက်ရည်များပင် စီးကျခါနီး ဖြစ်ခဲ့သည်။

ခေါင်းဆောင်, အဲကောင်မလေး ခေါင်းဆောင်ကို ခိုက်သွားတာလား၊ သူမက ခေါင်းဆောင်ကို ခိုးခိုးကြည့်တာ အကြိမ်ရေ မနည်းဘူး၊ သူမက ရှက်သွေးတောင် ဖြာသွားသေးတယ် နောက်စစ်သားတစ်ယောက်က အရယ်စွက်၍ ပြောသည်။ သူတို့ ဗိုလ်ချုပ်ကို စနောက်ခြင်း ဖြစ်သည်။

သူမက တကယ်ပဲ ရှက်သွေးတွေ ဖြာပြီး နီရဲသွားတာလား၊ ဖြူရောင်ကော သန်းမသွားဘူးလား၊ သူမ ထွက်မသွားခင် ငါ ကြည့်နေတာ, သူမနှုတ်ခမ်းမှာ ဘာအရောင်မှကို မရှိတော့ဘူး။

မင်းတို့ အားလုံး ဗလစ်ဗလစ် ပြောနေတာတွေ ရပ်လိုက်ကြတော့။ လောင်ချီက သူ့စစ်သားများကို မျက်စိစွေကြည့်၍ ပြောသည်။ ငါတို့ လဝိညာဉ်ရေကန်ကို ‌ရောက်ရင်, အဲလိပ်ပြာသားရဲတွေကို အမြန်သာ ရှာပြီး သူတို့ လိုချင်တာတွေ ပေးလိုက်၊ ပြီးရင် ငါတို့ ကိုယ့်လမ်း ကိုယ်သွားလို့ ရပြီ။

စစ်ရေးဖြင့် မာကျောနေသော လောင်ချီက မိန်းမနှင့် ယောက်ျားကြားရှိ သံယောက်ဇဉ်အရှုပ်အထွေးကို များများစားစား မသိသော်လည်း တုံးတုံးအအကြီးတော့ မဟုတ်ပေ။ နင်ရှင်းက ငယ်ရွယ်ပြီး နုပျိုခြင်းအပြည့် ဖြစ်နေသော မိန်းကလေးဖြစ်သည်။ သူမ၏ ဖုံးဝှက်ထားသော ရည်ရွယ်ချက်က မရိုးရှင်းမှန်း သူ မြင်နိုင်သည်။ သူတို့ အနေအထားကို လက်တစ်ဆုံးနှိုက်ကြည့်ဖို့ သူမ ထပ်တလဲလဲ ကြိုးစားခဲ့သည်။ စစ်သားတစ်ယောက်အတွက် စီမံကိန်းကို လျှို့ဝှက်ထိန်းသိမ်းထားဖို့က တင်းကျပ်သော စည်းကမ်းဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now