၄၆၈။ "ဆက်တိုက်ရိုက်ချက်၊ ဒုတိယပုံစံ-၂"

453 41 0
                                    

၄၆၈။ ဆက်တိုက်ရိုက်ချက်၊ ဒုတိယပုံစံ-၂

ထိုကျောင်းသား၏ အဝတ်အစားများက ဆိုးရွားစွာ ပျက်စီး၍ တွန့်ကျေနေသည်။ ဒဏ်ရာများက နက်ရှိုင်းပြီး အရိုးထိ ရောက်နေသည်။ ပြတ်ရာ ပေါက်ရာများက သူ့တစ်ကိုယ်လုံး ဖုံးလွှမ်းနေပြီး မြင်ရသူအား ကြောက်လန့် ထွက်ပြေးစေနိုင်သည်။ သူ့မျက်နှာက သေမတတ် ဖြူရော်နေ၏။ ထိုကျောင်းသားက ကြောက်လွန်းသဖြင့် ဆင်ခြင်ဉာဏ်ပင် ရှိတော့ဟန် မပေါ်ပေ။

ထိုကျောင်းသား ထွက်ပြေးလာသော နေရာက ကျောင်းတော်မှ သတ်မှတ်ထားသော နယ်နိမိတ်ကို ကျော်လွန်နေ၏။ လေညင်းကျောင်းတော်မှ မည်သည့်ကျောင်းသားမျှ ထိုနေရာမှာ မရှိသင့်ပေ။

ဘာ ဖြစ်ခဲ့တာလဲဖန်ဂျင်က ထိုကျောင်းသားကို ထူပေးသည်။ ထိုကျောင်းသားက ကြောက်လန့် တုန်ယင်နေပြီး ထုံ့ပိုင်း ထုံ့ပိုင်း ပြောသည် လိပ်ပြာသားရဲ...... လိပ်ပြာသားရဲ..... အဲမှာ လိပ်ပြာသားရဲကြီး ရှိတယ်..... အရမ်းကြီးတာပဲ ထိုကျောင်းသားက ကယောက်ကတမ်း ပြောသည်။ အတော်ကြာတော့မှ သူ့ရှေ့မှ လူကို ဖန်ဂျင်မှန်း မှတ်မိလာသည်။ သူက ရုတ်တရက် အသိပြန်လည်လာပြီး အားကုန် တောင်းပန်လေ၏ အကိုကြီးဖန်... ကျနော့်ကို ကယ်ပါ... ကျနော့်ကို ကယ်ပါနော်...

တစ်ယောက်ယောက် အဲနေရာမှာ ရှိသေးလား ဖန်ဂျင်က မျက်မှောင်ကြုတ်၍ မေးသည်။ လိပ်ပြာသားရဲတော်အုပ်၏ အလည်တည့်တည့် အရပ်သည် မည်သူမျှ ခြေမချဝံ့သော နေရာ ဖြစ်သည်။ သို့ပါလျက် အဘယ့်ကြောင့် ထိုကျောင်းသားများက ထိုနေရာမှာ ဘာလုပ်နေကြသနည်း။

ဟုတ်... ရှိကြတယ်... တချို့တွေ ကျန်သေးတယ်.... အကိုကြီးဖန် ကျေးဇူးပြုပြီး သူတို့ကို မြန်မြန် သွားကယ်ပါ... ထိုကျောင်းသားက မျက်ရည်လည်ရွှဲဖြင့် တောင်းပန်ခယသည်။

ဖန်ဂျင်၏ ခြေထောက်နားမှာ တောင်းပန်ခယနေသော ထိုကျောင်းသားကို ဂျန်ဝုရှီက တိတ်ဆိတ်စွာ ကြည့်နေသည်။ သူမ မျက်လုံးများမှာ မည်သည့် ခံစားချက် လှိုင်းတွန့်လေးမျှ ပြသမနေပေ။

ထိုအခိုက်တွင် ဖန်ဂျင်က အလိုလို ဂျန်ဝုရှီဘက်သို့ လှည့်ကြည့်မိသား ဖြစ်သွားသည်။ သူက ဂျန်ဝုရှီ၏ အမြင်ကို တောင်းခံသည့်သဘော ဖြစ်သည်။ ထိုကျောင်းသားများ ရင်ဆိုင်တွေ့ရသော သားရဲက မည်သည့် အဆင့်မှန်း ဖန်ဂျင် မသိပေ။ အဆင့်မြင့်ဖို့တော့ သေချာသည်။ ဗိုလ်အဆင့် လိပ်ပြာသားရဲ ဖြစ်နိုင်သည်။ ထိုသို့ ဖြစ်လျှင် သူတို့ လွတ်လာဖို့ မသေချာ မရေရာတော့ပေ။

ပါရမီရှင်သမားတော်(၂)Waar verhalen tot leven komen. Ontdek het nu