၃၀၀။ "အပေါ်ယံ အလွှာစ - ၁"

818 69 0
                                    

၃၀၀။ “အပေါ်ယံ အလွှာစ - ၁”

နောက်တစ်နေ့ မနက်စောစောတွင် ဂျန်ဝုရှီက သူမအခန်းထဲမှ လှမ်းထွက်လာပြီး တိမ်ဖုံးတောင်ထွတ်အတွင်းရှိ ဆေးဖက်ဝင်အပင်ခင်းသို့ ဦးတည်သွားသည်။

ခဲချန်ဂျုက အဆိပ်ကို တိုးတက်အောင် လုပ်ဆောင်ခြင်းမှာ စွဲလန်းခဲ့ပြီး တိမ်ဖုံးတောင်ထွတ်တွင် နေရာစုံမှာ ဆေးဖက်ဝင်အပင်များကို အပြည့်အဝ စိုက်ပျိုးထားခဲ့သည်။

ဝိညာဉ်စွမ်းအင်ကို စုပ်ယူန်ရန် ဆီးနှင်းကြာပန်းကို စိုက်ပျိုးဖို့ ကျောက်စိမ်းဝတ်ရည်ကို သူမ မသုံးစွဲနိုင်တော့လို့ ဂျန်ဝုရှီက ဝိညာဉ်စွမ်းအား စုပ်ယူနိုင်သည့် နောက်နည်းလမ်းတစ်ခုကို ရှာဖွေနေရသည်။ ဝိညာဉ်စွမ်းအားကို နည်းနည်းလေးပင် စုပ်ယူနိုင်ပါစေ, သူမက ရှာဖွေရမည် ဖြစ်သည်။

သူမက တိုက်ပွဲမှာ ဝိညာဉ်စွမ်းအားကို ပထမဆုံးအကြိမ် သုံးစွဲခဲ့စဉ်မှာ, သည်ကမ္ဘာအတွက် စီမံခင်းကျင်းထားသည့် တမူထူးခြားသည့် စွမ်းအားကို သတိပြုမိလာသည်။ သူမမှာ ပြိုင်ဘက်ကင်း ဆေးပညာစွမ်းရည် ရှိသော်လည်း, သူမအတွက် အရာရာကို ဆေးပညာဖြင့် အစားထိုးဖို့ မစဉ်းစားထားပေ။

ဟွာယောင်း၏ အသစ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်ကြောင့် တိမ်ဖုံးတောင်ထွတ်မှာ လူငယ်များက ပုံမှန်ဘဝကို ပြန်လည် ရရှိလာကြသည်။ အနည်းဆုံးတော့ သူတို့ ဆာလောင်မှုကို မခံစားရဘဲ အလုပ်ကိုလည်း အလွန်အကျွံလုပ်စရာ မလိုကြတော့ပေ။ သူတို့၏ နေ့စဉ် တာဝန်က အဓိကအားဖြင့် တိမ်ဖုံးတောင်ထွတ်အတွင်းရှိ ဆေးပင်များကို ရှင်သန်အောင် ပြုစုစောင့်ရှောက်ပေးရခြင်း ဖြစ်သည်။

နေ့တစ်နေ့၏ အစောပိုင်း ဖြစ်နေသေးသော်လည်း, လူငယ်ဆယ်ယောက်လောက်က ရေသယ်၍ အပြေးအလွှား ဆေးဖက်ဝင်အပင်များကို ရေလောင်းနေကြသည်။

ထူးဆန်းနေတာက... အရင်ရက်မှာ သူတို့က ကျောက်ချူနှင့် ဂျန်ဝုရှီကို မြင်သည်နှင့် မခံမရပ်နိုင် ဖြစ်နေကြပြီး သူတို့ကို ဆုတ်ဖြဲပစ်ချင်နေခဲ့ကြသည်။ သို့သော် ကနေ့မှာတော့ နေထွက်ရုံပင် ရှိသေးသည်, သူတို့က ရှောင်ဖယ်နေကြသည်။ ကြောက်လန့်နေသည့် ကြွက်များလို ဖရိုဖရဲ ရှောင်ထွက်သွားကြသည်။ သူတို့နှစ်ယောက်မှ ဝေးရာသို့ ထွက်ပြေးသွားကြသည်။ ထို့ကြောင့် ဂျန်ဝုရှီ ရပ်နေသည့် နေရာပတ်လည်တွင် သနားစရာ ဆေးပင်များနှင့် ကျောက်ချူကိုသာ မြင်ရတော့သည်။ ကျောက်ချူက ရေပုံးမှ ရေများကို ခွက်ငယ်ဖြင့် ခပ်ယူ၍ ရေလိုနေသည့် အပင်များကို လောင်းနေသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now