၂၅၈။ "ကျောက်ချူ - ၂"

837 75 0
                                    

၂၅၈။ “ကျောက်ချူ - ၂”

ဂျန်ဝုရှီက ကျောက်ချူ၏ အံ့အားသင့်နေဟန်ကို လျစ်လျူရှူပြီး အရှုပ်အထွေးများကြားမှ ပိုမို ကြီးမားသည့် ဆေးဖက်ဝင်အပင်များကို ရွေးနှုတ်ယူ၍ စမ်းသပ်စစ်ဆေးချက်ကို ပြီးမြောက်စေဖို့ လျှောက်လှမ်းထွက်သွားသည်။

ကျောက်ချူက ဂျန်ဝုရှီ လျှောက်လှမ်းထွက်သွား၍ ခပ်လှမ်းလှမ်း ရောက်သည့်တိုင် ကျောက်ချရပ်နေမိပြီး သတိပြန်လည်လာမှ အပြေးအလွှား လိုက်တော့သည်။

“ဒီစစ်ဆေးချက်က မင်းအတွက် ဘာမှ မဟုတ်တာကို ငါ သိနေတယ်၊ ဒါပေမဲ့ အဲကောင်တွေကို ဒီလိုမျိုးတော့ အသာစီး မပေးသင့်ဘူးမို့လား” ကျောက်ချူက ဂျန်ဝုရှီ၏ စွမ်းရည်ကို သံသယမဝင်ပေ။ သို့သော် ထိုဗရုတ်ကောင်တွေအား ဆေးဖက်ဝင်များ ပေးလိုက်တာကို မခံချိ မခံသာ ဖြစ်နေသည်။

သည်နေရာမှာ ဂျန်ဝုရှီကို တွေ့ရလို့ ကျော်ချူအတွက် အံ့အားတသင့် ဖြစ်နေရသည်။

ပထမဆုံးအကြိမ် တစ္ဆေမြို့တော်မှ အရှေ့တိုင်းပုလဲများကို ယူဆောင်၍ ပြန်လာစဉ်, တစ္ဆေမြို့တော်မှ အဖြစ်အပျက်အားလုံးကို သူ့အဖော်အား ပြောပြခဲ့သည်။ သူ့အဖော်က သူ့အား အရူးဟူ၍ မာန်မဲလိုက်သည်။ သေချာ မစုံစမ်းခဲ့လို့ ဖြစ်သည်။ ထို့ကြောင့် သူက တစ္ဆေမြို့တော်သို့ ပြန်လာပြီး နောက်ထပ် သူ့ကို တွေ့လို တွေ့ငြား စောင့်နေခဲ့သည်။ သို့သော် တလလုံးလုံး စောင့်နေသည့်တိုင် မတွေ့ရလို့ သူက လက်မြှောက်ကာ ပြန်လာခဲ့ရသည်။

သူ တစ်လလုံးလုံး ပင်ပင်ပန်းပန်း စောင့်နေရသူကို ချင်းယန်ကလန်တွင် ပြန်လည် တွေ့ရမည်လို့ မည်သူက ထင်မိမည်နည်း။

ကျောက်ချူက ဆုံးဖြတ်ချက် ချလိုက်သည်။ သည်တစ်ကြိမ်တွင် သူက အရှက်မရှိ ဗြောင်ကျကျ ဂျန်ဝုရှီအား ကော်လို ကပ်ထားတော့မည် ဖြစ်သည်။ သည် ပါရမီရှင်လေးအား သူနှင့် ဝေးကွာခွင့်ကို မပေးလိုတော့ပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now