၅၂၉။ ရုတ်တရက် ဖော်ရွေလာခြင်း-၄

415 43 0
                                    

၅၂၉။ ရုတ်တရက် ဖော်ရွေလာခြင်း-၄

နင်ရှင်းက စကားပြောစွမ်းရည်ကောင်းသူ ဖြစ်သည်။ သို့သော် ဂျန်ဝုရှီ၏ ပုံမှန်မဟုတ်သော စကားပြောခြင်းနှင့် ရင်ဆိုင်လိုက်ရချိန်မှာ သူမ ရှုံးသွားမှန်း သိလိုက်ပြီး သူမ ဦးနှောက်က ရုတ်တရက် ဗလာကျင်းသွားသည်။ နောက်ထပ် ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။

ဂျန်ဝုရှီနှင့် ဆက်လက် စကားပြောနေလျှင် သူမအတွက် ပို ဆိုးမည်မှန်း နင်ရှင်း ရုတ်တရက် ခံစားမိသည်။ ဂျန်ဝုရှီ၏ မည်သို့မျှ ကွယ်ဝှက်မထားသော ရန်လိုခြင်းက ယင်ယန်နှင့် မတည့်ခဲ့လို့သာ ဖြစ်ရမည်။ ယင်ယန်ကို ဂျန်ရှီထံ အရင်ဆုံး လာတောင်းပန်ခိုင်းရမည့်ပုံ ဖြစ်နေသည်။

နောက်ထပ် ဆောင်ရွက်ရမည့် နည်းလမ်းကို ဆုံးဖြတ်ပြီးနောက် နင်ရှင်းက ဂျန်ရှီနှင့် စကားမပြောတော့ဘဲ ဖန်ဇိုဘက်သို့ လှည့်လိုက်သည်။ သူမ ဟန်ပန်က ရှက်သွေးဖြာနေဟန် ဖြစ်နေ၏။ သူမက ကောင်းမွန်စွာ နေထိုင်သည့် အမျိုးသမီးလို ပုံစံမျိုးဖြင့် နူးညံ့ချိုသာသော စကားမျိုးကို ပြောလာသည်။

ဖန်ဇို၏ ‌ကောင်းမွန်စွာ ဆက်ဆံတတ်သော ပင်ကိုယ်ဗီဇကြောင့် နောက်ဆုံးတွင် နင်ရှင်းကို လက်ဘက်ရည်သောက်ရင်း အချိန်အတော်ကြာကြာ နေဖို့ ဖိတ်မံသည်။

နင်ရှင်းက အမြန်ဆောင်ရွက်သည်။ သို့သော် ပျာယီးပျာယာ ပုံစံ ပေါက်မနေပေ။ သူမက မုန့်များကို ထုတ်ယူ၍ ပြင်ဆင်ပေးသည်။ မသိမသာဖြင့် ဂျန်ရှီအတွက်လည်း ပြင်ဆင်ပေးသည်။ လျှို့ဝှက်သိုသိပ်စွာ ဂျန်ရှီနှင့် သူမ ရင်းနှီးအောင် ကြိုးစားသည်။

ဂျန်ဝုရှီက တစ်ဖက်တွင် မျက်နှာသေဖြင့် ထိုင်နေ၏။ သူမက ကြောင်နက်လေးကို ချီထားသည်။ နင်ရှင်း၏ ရုတ်တရက် ဖော်ရွေ ပျူငှာသော လုပ်ကိုင်ဆောင်ရွက်ပုံက အလွန့်အလွန် သိသာသည်။ သူမက ဒီဝါးတောအုပ်လေးမှာ အချိန်အတော်ကြာကြာ နေထိုင်ခဲ့သည်။ သို့သော် နင်ရှင်း ဒီအနီးအနားကိုပင် လာတာ မတွေ့ဖူးပေ။

နောက်ဆုံးတွင် အမဲလိုက်ပွဲ ပြီးတော့မှ စိတ်အားထက်သန်စွာ သူတို့ တံခါးပေါက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည်။ သူမ၏ စကားများ ပြုမှုပုံများက သူတို့ ကြားမှာ ရင်းနှီးလိုခြင်း နီးစပ်လိုခြင်းကို ပြသနေသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now