၂၁၉။ "တတိယရိုက်ချက် - ၁"

1.1K 76 0
                                    

၂၁၉။ “တတိယရိုက်ချက် - ၁”

လင်းအိမ်တော် အပြင်ဘက်တွင် မီးခိုးငွေ့များ အူထွက်နေသည်။ ရူလင်းစစ်သားအုပ်စုကြီးက ဂိတ်အပြင်ဘက်တွင် စုစည်းနေကြသည်။ သူတို့က ချင်းယန်ကလန်မှ ကိုယ်စားလှယ် ဆယ်ယောက်နှင့် ရင်ဆိုင်နေကြသည်။

“ငါ ပြောမယ်, အချိန်မဖြုန်းကြနဲ့၊ မင်းတို့ရဲ့ ချည့်နဲ့နဲ့ ကာကွယ်မှုက အရာမထင်ဘူး၊ အေးအေးဆေးဆေးနဲ့ ဝိညာဉ်ကျောက်စိမ်းကို လွှဲပေးဖို့ အကြံပေးချင်တယ်၊ ဒါဆို မင်းတို့ နာနာကျင်ကျင်နဲ့ အရှက်ကွဲစရာ မလိုတော့ဘူးပေါ့။” ချင်းယန်ကလန်မှ တပည့်တစ်ယောက်က သူ့လက်ကောက်ဝတ်ကို ထပ်တလဲလဲ လှုပ်ယမ်း၍ လှည့်ပတ်ပြောနေသည်။ အနက်ရောင်လက်အိတ်တစ်စုံကို သူ စွပ်ထားသည်။

သူက လင်းအိမ်တော်၏ ဂိတ်တံခါးဝမှာ သူတစ်ချက်ထိုးလိုက်သဖြင့် လွင့်ပျံကျသွားသည့် ရူလင်းစစ်သားကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။

သူ့နောက်တွင် ချင်းယန်ကလန်အမှတ်တံဆိပ်ပါ အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူသုံးယောက်ရှိသည်။ တခြားခြောက်ယောက်က အဝတ်အစား မတူညီကြချေ။ သည်ခရီးစဉ်မှာ ချင်းယန်ကလန်နှင့် ပူးပေါင်းထားသူမှန်း သိသာသည်။

ကြောက်ရွံ့နေသည့် ရိုးရိုးလူများက တစ်ဖက်တွင် ပူးကပ်နေကြသည်။ သည်ရုတ်ရုတ်သဲသဲ အခြေအနေက မနေ့ကတည်းက ဖြစ်ပျက်နေခြင်း ဖြစ်သည်။ ချင်းယန်ကလန်မှ လူများက ရုတ်တရက် ရောက်ချလာပြီး လင်းအိမ်တော်ကို တိုက်ခိုက်ခဲ့သည်။ ရူလင်းစစ်တပ်က အချိန်မီ ရောက်မလာခဲ့လျှင်, လင်းအိမ်တော်က သည်ကျူးကျော်သူ တစိမ်းများကြောင့် ကျဆုံးသွားမှာ ဖြစ်သည်။

လင်းအိမ်တော် ဂိတ်ပေါက်တွင် စုရုံးနေကြသည့် ရူလင်းစစ်သားများက ဖူးယောင်နေကြသည်။ အရေအတွက် တစ်ရာကျော်ရှိသည်မို့ အရေအတွက်အားဖြင့် သာလွန်နေကြသော်လည်း ချင်းယန်ကလန်၏ ဖိနှိပ်ခြင်းကို ခံနေကြရသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now