၄၁၇။ "ဖန်ညီအကို - ၁"

442 44 0
                                    

၄၁၇။ ဖန်ညီအကို - ၁

လမ်းမကြီး၏ မလှမ်းမကမ်းတွင် သစ်သားလျှောက်လမ်းကို ဖြတ်ကျော်ပြီး ကျောက်ခင်းလမ်းလေးက မြက်ခင်းပြင်ကို ဖြတ်ကျော်ကာ ကောက်ကောက်ကွေ့ကွေ့ဖြင့် ဝါးတောအုပ်လေးသို့ ဦးတည်နေသည်။ လမ်းက ခပ်တိုတိုပင် ဖြစ်သည်။

သည်နေရာကို တစ်ယောက်ယောက်က သတိပြုမိနိုင်ဖွယ်ရှိသော်လည်း လေညင်းကျောင်းတော်တွင် သည်လို ငြိမ်သက်အေးချမ်းသော နေရာမျိုး တည်ရှိနေကြောင်းကို မည်သူမျှ သိဟန် မတူပေ။

ဖန်ဂျင်က သည်နေရာသို့ လာရန် ဂျန်ဝုရှီကို ခေါ်ဆောင်လာခဲ့သည်။ ခြံဝန်းလေး၏ အပြင်ဘက်တွင် ၁၅နှစ် ၁၆နှစ်လောက်ရှိသော လူငယ်လေးတစ်ယောက်က ကျောက်ခင်းလမ်းလေးကို တံမြက်လှည်းနေသည်။ သူက ဖန်ဂျင်နှင့် ဂျန်ဝုရှီတို့ ရောက်ရှိလာတာကို မြင်လျှင် သူတို့ကို နှုတ်ဆက်ရန် ကပျာကယာ လာလေ၏။

အကြီးသခင်လေး, ခင်ဗျား ရောက်လာတယ်။ လူငယ်လေး၏ မျက်လုံးများက ဖန်ဂျင်အား နှစ်လိုဖွယ်အပြည့်ဖြင့် ကြည့်နေသည်။ ၎င်းမျက်လုံးများက ဂျန်ဝုရှီအား မေးမြန်းလိုခြင်း ရောစွက်လျက် ကြည့်လာသည်။

အင်း, ငါ ကောင်လေးတစ်ယောက် ခေါ်လာတယ်၊ နေ့လည်စာ ကပ်စားမလို့၊ ဇိုလေးကော နေ့လည်စာ စားပြီးပလား ဖန်ဂျင်က သူ့ရည်ရွယ်ချက်ကို မရှက်မရွံ့ ပြောသည်။ လူငယ်လေးက သဘောကျစွာ ရယ်သည်။ ဖန်ဂျင်၏ ပွင့်လင်းခြင်းကို သူ မနှစ်သက်ဘဲ လုံးလုံး မနေနိုင်ပေ။

ကျေးဇူးပြုပြီး အထဲဝင်ပါ အကြီးသခင်လေး လူငယ်လေးက အပြုံးဖြင့် တံခါးဖွင့်ပေးသည်။ သူက ဂျန်ဝုရှီအားလည်း ယဉ်ကျေးပျူငှာစွာ လမ်းဖွင့်ပေးသည်။

ဝါးဖြင့် ပြုလုပ်ထားသော ဝင်ပေါက်တံခါးကို တွန်းဖွင့်လိုက်လျှင် တံခါးထောင့်တွင် ချိတ်ဆွဲထားသော လေခေါင်းလောင်းလေးက တချွင်ချွင်မြည်သွားသည်။ သန့်ရှင်းသပ်ရပ်သော ဝါးတောအုပ်အတွင်းတွင် တချွင်ချွင် ခေါင်းလောင်းသံက ရှင်းလင်းနေပြီး ကြားရသူအား အလွန်ပင် နှစ်ထောင်းအားရ ဖြစ်စေသည်။

ဖန်ဂျင်က ဂျန်ဝုရှီအား လှည့်ကြည့်၍ ခေါင်းညိတ်ပြကာ ဝန်းအတွင်းသို့ ဦးဆောင်ခေါ်သွားသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now