၄၉၄။ "ဆက်တိုက်ရိုက်ချက်၊ တတိယပုံစံ-၅"

434 35 1
                                    

၄၉၄။ ဆက်တိုက်ရိုက်ချက်၊ တတိယပုံစံ-၅

သူတို့ ကိုယ်ပိုင် မျက်လုံးများဖြင့် မမြင်ခဲ့လျှင်, ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီး၏ တိုက်ခိုက်မှုကို ခံနေရသော တစ်စုံတစ်ယောက်ကို ကယ်တင်နိုင်သော စွမ်းရည်ရှိသူ တစ်ယောက်ယောက် ရှိလိမ့်မည်ဟု သူတို့ ယုံကြည်ကြမည် မဟုတ်ပေ။

သည်ဖြစ်ရပ်က အခု နင်ရှင်းနှင့် သူမအဖွဲ့၏ ရှေ့တည့်တည့်မှာ ဖြစ်နေသည်။

ပေါ်ထွက်လာသည့် အနက်ရောင် အရိပ်များက မည်သူများနည်း။ နင်ရှင်းတို့အဖွဲ့က သည်လိုမျိုး ဖြစ်လာမည်ဟု မျှော်လင့်မထားကြချေ။

အနက်ရောင်သားရဲကြီးက ရူလင်းစစ်သားများကို တစ်ယောက်ပြီး တစ်ယောက် တိုက်ပွဲမှ လျင်မြန်စွာ ဆွဲထုတ်ခေါ်ယူသွားသည်။ နင်ရှင်းနှင့် လူဝေဂျိုင်ကို ပစ်ပစ်ခါခါ နှင်ထုတ်သော, အလွန်မာနကြီးပြီး အေးစက်စက်နိုင်သော လောင်ချီသည်ပင် သူတို့ မမြင်နိုင်သော ပုံရိပ်၏ ရှေ့တွင် မဆိုင်းမတွ ဒူးထောက်ခစားနေ၏။

သည်မြင်ကွင်းက နင်ရှင်းကို မယုံကြည်နိုင်စွာ မျက်လုံးပြူးစေ၏။

ထိုပုံရိပ်၏ မျက်နှာကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်မှာတော့ သူမ မယုံကြည်နိုင်ခြင်းများစွာဖြင့် အတော်ကြာအောင် ကြက်သေသေကာ တုန်လှုပ်သွားရသည်။

ထိုသေးသွယ်သော ပုံရိပ်က ဖန်ဂျင်အား အရှက်ရစေပြီး ဖန်ဂျင်၏ တောက်ပြောင်နေသော ဂုဏ်သိက္ခာကို ဖယ်ရှားပစ်နိုင်ဖို့ သူတို့ အသုံးချခဲ့သော ဂျန်ရှီ မဟုတ်လော။

ဘာလို့ သူ ဖြစ်နေရတာလဲ... နင်ရှင်းက သူမ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်သွားသည်။ ထို့နောက် ထိုအအဖြစ်သနစ်ကြောင့် နင်ရှင်းမျက်နှာက ချက်ချင်းပင် ဖြူရော်၍ ရုတ်တရက် ချည့်နဲ့အားနည်းသွားသလို သူမ ခံစားလိုက်ရသည်။

ဂျန်ရှီက လောင်ချီနှင့် သူ့လူများကို သေမင်းခံတွင်းဝမှ ပြန်ဆွဲထုတ်ပြီးနောက် လိပ်ပြာသားရဲကြီးနှင့် တိုက်ပွဲသို့ ပြန်လည် ပြေးဝင်သွားသည်။ ဂျန်ရှီက သူ့ကိုယ်သူ အထင်ကြီးနေတာကို နင်ရှင်းက တွေ့မြင်ရလျှင် အူမြူး၍ ပြုံးရုံပင် ရှိသေးသည်, နောက်ထပ် ပုံရိပ်များကလည်း တိုက်ပွဲကွင်းပြင်သို့ တစ်ယောက်ပြီး တစ်ယောက် ပြေးဝင်သွားတာကို သူမ မြင်ရပြန်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now