၈၂၉။ တောင်းပန်ပါတယ်, ဒါ ကျုပ် အလှည့်ပါ (၄)

157 28 0
                                    

၈၂၉။ တောင်းပန်ပါတယ်, ဒါ ကျုပ် အလှည့်ပါ (၄)

ဒါက ဘယ်လို ဟာသမျိုးလဲ၊ ဂျန်ရှီက တကယ့် မွန်းစတားတစ်ကောင်ပဲလေ၊ အိမ်ရှေ့စံက ဘာတွေများ စဉ်းစားလိုက်တာလဲ၊ ဒီကြောက်စရာကောင်းတဲ့ မိစ္ဆာကောင်က လိပ်ပြာတိုက်ပွဲမှာ နောက်အကျော့များအထိ မတက်ရောက်နိုင်ဘူးလို့ သူက ဘယ်လိုတောင် တွေးထင်မိတာလဲ၊ သူ့ယှဉ်ပြိုင်ဘက်တွေ လက်လွှတ်အရှုံးပေးဖို့ သိုသိုသိပ်သိပ်နဲ့ ဖြေရှင်းပေးစရာ သူ့အတွက် လိုလို့လား၊ ဒီကိစ္စရပ်တစ်ခုလုံးက အခု လူတိုင်းအတွက် ဟာသလုပ်ရပ် ဖြစ်မသွားဘူးလား။

ဂျန်ရှီက သူရဲဘောကြောင်သော ထိုကိစ္စများကို လွန်ကျူးခဲ့သည်, ဘာကြောင့်နည်း သူက အားနည်းပြီး ကူကယ်ရာမဲ့နေသလို ဖြစ်သောကြောင့်တည်းဟူ၍ ယုံကြည်ထားကြသော လူငယ်များက ရုတ်တရက် ချက်ချင်း ထိုအခြေအနေအားလုံးကို နားမလည်နိုင် ဖြစ်သွားကြသည်။

ဂျန်ရှီ၏ ဝိညာဉ်စွမ်းအားဖြင့်ဆိုလျှင် သူ့ ပြိုင်ဘက် မည်သူ့ကိုမဆို, တစ်စက္ကန့်အတွင်းမှာပင် အင်အားစိုက်ထုတ်စရာပင် မလိုဘဲ လွှမ်းမိုးအနိုင်ယူနိုင်သည်။ ဘာ့ကြောင့် သူက ဒီလိုမျိုး ဆင်ခြေဆင်လက်မျိုးကို လိုအပ်အုံးမည်နည်း။

တိုက်ပွဲစင်မြင့်တွင် ဂျန်ဝုရှီအား ဝိုင်းရံထားသော ဝိညာဉ်စွမ်းအားများက ပျောက်ကွယ်သွားလေပြီ။ သူမက တိတ်ဆိတ်ငြိမ်သက်စွာ သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဆွဲဆန့်၍ တစ်ဖက်တွင် ပါးစပ်ဟောင်းလောင်းဖြင့် ရပ်နေသော အစီအစဉ်ကြေညာသူကို လှည့်ကြည့်လိုက်သည်။

ခင်ဗျား ရလဒ်ကို ကြေညာနိုင်ပြီ။

အစီအစဉ်ကြေညာသူက နောက်ထပ် ခဏလောက် ပါးစပ်ဟောင်းလောင်း ဖြစ်ပြီးနောက် ရုတ်တရက် သူ ပါးစပ်ပြန်ပိတ်လိုက်သည်။ သူက လေးလေးပင်ပင် တံတွေးမျိုချပြီးနောက် အမူအရာကင်းမဲ့နေသော ဂျန်ဝုရှီကို အံ့အားသင့်လျက် ကြည့်နေမိသည်။ ထိုအခိုက်မှာ သူက အရင်လို ဂျန်ဝုရှီအား နည်းနည်းလေးမျှ အထင်မသေးဝံ့တော့ဘဲ သူ့မျက်လုံးထဲမှာ ထိတ်လန့်ဟန်ကိုသာ မြင်ရသည်။

အနိုင်ရရှိသူ, လေညင်းကျောင်းတော်မှ ဂျန်ရှီ သူက ထစ်ထစ်‌ငေါ့ငေါ့ဖြင့် ကြေညာလိုက်သည်။ သူ့မျက်လုံးများက ကြောက်စရာကောင်းသော မွန်းစတားကို တည့်တည့်ကြီး မြင်လိုက်ရသလို ဖြစ်နေသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now