၇၆၈။ အိမ်ရှေ့စံ၏ အတွေးများ (၂)

212 28 1
                                    

၇၆၈။ အိမ်ရှေ့စံ၏ အတွေးများ (၂)

ဝိညာဉ်ကုစားဌာနရဲ့ တပည့်လား၊ ပြီးတော့ ဝိညာဉ်ကုစားခြင်း နည်းစနစ်ကိုတောင် အဆင့်မြင့်အောင် တီထွင်ပေးနိုင်တဲ့ စွမ်းရည်ရှိတယ်လား၊ ဟ ဟ ဟ.... ဒီဂျန်ရှီက မိုးကောင်းကင်က ပေးလိုက်တဲ့ လက်ဆောင်ပဲ၊ ငါ့အတွက် အကြီးမားဆုံး လက်ဆောင်ပဲ လေ့ချန်က အလွန် စိတ်အားထက်သန်ခြင်းကို မဖုံးနိုင်မကွယ်နိုင်ပင် ဖြစ်သွားသည်။

လေညင်းကျောင်းတော်က ဆုတ်ယုတ်ပျက်ပြားလာသော်လည်း သူတို့၏ ဝိညာဉ်ကုစားဌာနက မျက်လုံးပေါင်းများစွာအား ဆွဲဆောင်နိုင်ပြီး အားကျစေ, မနာလို ဖြစ်စေသည်။ အိမ်ရှေ့စံက လေညင်းကျောင်းတော် လုံးလုံး ကျရှုံးသွားသည်အထိ စောင့်လိုခဲ့သည်။ ထို့နောက်မှ ငြိမ်းချမ်းရေး သံလွင်ခက်ကို ကမ်းလှမ်းချင်ခဲ့သည်။ သို့သော် အခု ဂူလီရှန်နှင့် တန်းတူ ယှဉ်နိုင်သော ဂျန်ဝုရှီလို့ ခေါ်သည့် တပည့်တစ်ယောက်က ရုတ်တရက် သူ့ရှေ့မှာ ပေါ်ထွက်လာခဲ့လေပြီ။

ဂျန်ဝုရှီ၏ ပုံတူပန်းချီကို စူးစိုက်ကြည့်ရင်း, သူက ကနေ့ မီးဝိညာဉ်လေလံအိမ်တော်တွင် ဂျန်ဝုယောင်း၏ ဘေးမှာ ထိုင်နေသော လူငယ်ပင် ဖြစ်ကြောင်း လေ့ချန် ချက်ချင်း မှတ်မိသွားသည်။ ထိုအချိန်တုန်းက လူငယ်အပေါ် သူ အာရုံများများစား မစိုက်မိခဲ့ပေ။ သူ့အတွေးများအားလုံးက ဂျန်ဝုယောင်းအပေါ်မှာသာ ရှိခဲ့သည်။ သို့သော် ထို မထင်မရှား လူငယ်လေးက တကယ်ပင် စွမ်းရည်မြင့်မားကြောင်း သူ ဘယ်တုန်းကမှ မျှော်လင့်မထားမိခဲ့ပေ။

လေညင်း‌ကျောင်းတော်က ဂျန်ရှီလို တပည့်ကိုတောင် ဒီနှစ်မှာ ထုတ်သုံးရတယ်တဲ့, ဟာသပဲ၊ ဖန်ချီသာ ရှိနေရင် ဒီလို ထင်ပေါ်ကျော်ကြားတဲ့ ဝိညာဉ်ကုစားဌာနရဲ့ တပည့်တွေကို တိုက်ပွဲဝင်ခွင့် လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး၊ သူတို့ဆီကနေ သူများတွေ အလစ်သုတ်သွားမှာကို သူတို့ အရမ်းကြောက်နေလို့ပေါ့၊ ဖန်ဂျင်က အတွေ့အကြုံ ရှိသေးပုံ မရဘူး၊ ဝိညာဉ်ကုစားဌာနရဲ့ ရှားပါးတန်ဖိုးကြီးတဲ့ ဂျန်ရှီလို တပည့်မျိုးကို ထုတ်ပြလိုက်ရင် အရမ်း ဆုံးရှုံးနစ်နာသွားမှာကို သူ မသိတာလား, သဘောမပေါက်တာလား လေ့ချန်က စိတ်မကောင်းစွာ ပြောဆိုသည်။ သို့သော် သူ့လေသံက သရော်လှောင်ပြောင်လိုဟန် အပြည့် ပါနေပြီး သူ့မျက်လုံးများက အပျော်ဖြင့် လင်းလက်နေကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now