၇၂၁။ ရှစ်ခုမြောက် ရိုက်ချက် (၂)

270 33 1
                                    

၇၂၁။ ရှစ်ခုမြောက် ရိုက်ချက် (၂)

ထို့နောက် နန်ဂုန်းစီက ဒေါသထွက်လာကာ မေးလိုက်သည် ဒါဆို အဲနေရာက ဘယ်လို နေရာမျိုးဆိုတာကိုရော ကျောင်းအုပ်ကြီး သိထားပါသလား။

နင်ရူက နန်ဂုန်းစီကို ဖျတ်ခနဲ ကြည့်လိုက်သည်။ သို့သော် သူ့မျက်လုံးများက နန်ဂုန်းစီကို ကျော်၍ သူ့နောက်ဘက်ကို ကြည့်ခြင်း ဖြစ်သည်။ သူ့နှုတ်ခမ်းများက အေးစက်စက် ရယ်လိုက်သဖြင့် ကော့တက်သွားသည်။ ထို့နောက် သူ မေးလိုက်သည် ဒါဆို, အဲဒါ ဘယ်လို နေရာမျိုးလဲ။

အဲဒီနေရာကို မိုးကောင်းကင်အဆုံး ချောက်နက်လို့ ခေါ်တယ်၊ ယုံကြည်နိုင်စရာမရှိတဲ့ အန္တရာယ်တွေနဲ့ တင်းကြမ်း ပြည့်နေတဲ့ နေရာ၊ တစ်ဝက်တစ်ပျက် ကြီးထွားခါစ ဆယ်ကျော်သက်တွေ မပြောနဲ့, စွမ်းအားကောင်းတဲ့ မဲနယ်ရောင်ဝိညာဉ်စွမ်းအားရှင်တွေတောင် အဲနေရာမှာ အသက်ရှင်သန်ဖို့ အခွင့်အရေး မရှိဘူး၊ ကျောင်းအုပ်ကြီးက ဘာ့ကြောင့် အဲနေရာကို လေ့ကျင့်ရေး ခရီးစဉ်အဖြစ် ရွေးချယ်သလဲဆိုတာ ကျုပ် မသိဘူး၊ ဒါပေမဲ့ အဲနေရာက ကျုပ်တို့ သွားသင့်တဲ့ နေရာတော့ မဟုတ်ဘူး။

လွန်ခဲ့သည့် နာရီအနည်းငယ်က ၎င်းမြေပုံကို နန်ဂုန်းစီ၏ လက်ထဲသို့ ပို့ဆောင်လာခဲ့သည်။ ၎င်းနေရာသို့ သူတို့ သွားရောက်ရမည် ဖြစ်ကြောင်း သူ့ထံ သတင်းပို့လာခဲ့သည်။ ၎င်းခရီးစဉ်နှင့် ပတ်သက်၍ တကယ်တော့ သူ စိတ်ထဲ ထည့်မထားခဲ့ပေ။ သို့သော် မြေပုံကို သေချာကြည့်လိုက်ချိန်မှာ, အန္တရာယ်များ တင်းကြမ်းပြည့်နေသော နေရာမှန်း သိလိုက်ပြီး နင်ရူထံ သူ အပြေးအလွှား လာရောက်ခဲ့ခြင်း ဖြစ်သည်။

မိုးကောင်းကင်အဆုံး ချောက်နက်လား၊ အကိုကြီး နန်ဂုန်းက ဟာသ လုပ်နေတာလား၊ အဲနေရာက ဘယ်လိုလုပ် မိုးကောင်းကင်အဆုံး ချောက်နက် ဖြစ်နိုင်မှာလဲ နင်ရူက ဗြောင်ညင်းလိုက်သည်။ သူ့မျက်လုံးများက နန်ဂုန်းစီကို ကျော်၍ ကြည့်နေတုန်းပင်။

နန်ဂုန်းစီက ထိုအရာကို သတိပြုမိပုံ မရချေ။ သူက ပြောဖို့ရာပင် စိတ်တိုလာလေ၏ အမှန် ပြောရရင်, ငါ ငယ်ငယ်တုန်းက အဲနေရာကို တစ်ခေါက် ရောက်ဖူးတယ်၊ အရမ်း ထူးကဲပြီး စွမ်းအားကောင်းတဲ့ ဆရာကြီးတွေနဲ့ အတူတူ သွားခဲ့တာ၊ သူတို့က ချောက်နက်အောက်‌ခြေကို ဆင်းသွားကြတယ်၊ ငါက တချို့ အပေါင်းအသင်းတွေနဲ့ ချောက်နက်ထိပ်ပေါ်မှာ ဆရာကြီးတွေ ပြန်အလာကို စောင့်ဖို့ ကျန်နေရစ်ခဲ့တယ်၊ ဒါပေမဲ့ သူတို့ လုံးဝ ပြန်မလာခဲ့ကြဘူး။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now