၈၃၆။ စတုတ္ထမင်းသားလေး (၃)

216 29 0
                                    

၈၃၆။ စတုတ္ထမင်းသားလေး (၃)

လေ့ဖန် ထရပ်လိုက်သည်နှင့် သူ့ရည်ရွယ်ချက်ကို ဂျန်ဝုရှီက သိပြီး ဖြစ်သဖြင့် အေးစက်စက် အပြုံးက သူမနှုတ်ခမ်းများမှာ ဖြတ်သန်းသွားသည်။ လေ့ဖန် တဖြည်းဖြည်း သူမထံ ချည်းကပ်လာတာကို မျက်စိထောင့်စွန်းမှ သူမ သတိပြုမိသည်။

ပထမတိုက်ပွဲကွင်းပြင်ရှိ ယှဉ်ပြိုင်ပွဲများကို စတင်ထားပြီး ဖြစ်သည်။ သို့သော် တိုက်ပွဲကွင်းပြင်ရှိ လူငယ်များက တိုက်ပွဲကြည့်ရန် စိတ်မဝင်စားတော့ဘဲ လေ့ဖန်သို့သာ လိုက်ကြည့်နေကြသည်။

လေ့ချန်က အိမ်ရှေ့မင်းသား ဖြစ်သော်လည်း စတုတ္ထမင်းသားက ဘုရင်ကြီး အချစ်ဆုံးဟူ၍ နာမည်ကျော်သည်။ တစ်ယောက်ယောက်က လေ့ဖန်ထံမှ အရေးပေးမှုကို ရရှိလျှင်, သူတို့အတွက် အခွင့်အရေး ကြီးမားမည်မှန်း သံသယဝင်ဖွယ်ရာပင် မရှိချေ။

သို့သော်ငြား မထင်ရှားသော ထောင့်လေးမှာ ရပ်နေသော ဂျန်ရှီထံသို့ လေ့ချန် တိုက်ရိုက်သွားတာကို တွေ့ရလျှင်, လူတိုင်း၏ နှလုံးသားများက တစ်စုံတစ်ယောက်၏ ဆောင့်နင်းတာကို ခံလိုက်ရသလို ခံစားသွားကြရသည်။

စတုတ္ထမင်းသားလေးတောင် ဂျန်ရှီကို စိတ်ဝင်စားကြောင်း ပြသသတဲ့လား။

စတုတ္ထမင်းသားလေးထံမှ နှစ်သက်ခြင်းကို ခံယူရရှိဖို့ မျှော်လင့်ထားကြသော သူတို့၏ နှလုံးသားများက ကောင်းကင်ထက်မှ မြေကြီးပေါ်သို့ ပြုက်ကျသွားသလို သိသာစွာ ခံစားသွားကြရသည်။

ဂျန်ရှီအစား တခြားတစ်ယောက်ယောက်သာဆိုလျှင်, သူတို့ ဒီလောက် စိတ်ပျက်အားငယ်ကြမည် မဟုတ်ပေ။ သို့သော် လူအများကြီးထဲမှ ထိုလူက ဂျန်ရှီဖြစ်နေသည် မဟုတ်လော.....

ကြောက်စရာဝိညာဉ်စွမ်းအား ပိုင်ရှင် လူငယ်ငယ်လေးက လက်ရှိအိမ်ရှေ့စံ၏ အရေးပေးမှုကို ရရှိထားသည်။ သူတို့ ဂျန်ရှီနှင့် မည်သို့ ယှဉ်ပြိုင်လို့ ရအံ့နည်း။ သူတို့အားလုံး ပူးပေါင်းလိုက်လျှင်တောင် ဂျန်ရှီနှင့် ယှဉ်ပြိုင်တိုက်ခိုက်လို့ ရမည်မဟုတ်သေးပေ။

လူငယ်များအားလုံး စိတ်ဓာတ်များ ကျသွားကြသည်။ သူတို့က တောက်ပလွန်းသော အပြုံးဖြင့် ဂျန်ရှီထံ လျှောက်လှမ်းသွားသော လေ့ဖန်ကို တိတ်ဆိတ်စွာ ကြည့်ရုံသာ တတ်နိုင်ကြတော့သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now