၄၈၁။ "အခွင့်အရေးသမား-၄"

413 42 0
                                    

၄၈၁။ အခွင့်အရေးသမား-၄

နင်ရှင်းက အပြုံးဖြင့် ပြန်ပြော၏ ငါတို့ သူတို့ကို လိုက်လျောနိုင်မလားဆိုတာ အဓိကအနေနဲ့ သူတို့ လိုလားမလားဆိုတဲ့ အပေါ်မှာ မူတည်တယ်၊ သူတို့က ကိုယ့်ဘာသာ မိတ်ဆွေဆန်ပြီး ငါတို့ကို လက်ခံလာမယ်ဆိုရင်, လဝိညာဉ်ရေကန်ရောက်ရင် ငါတို့ တောင်းဆိုချက်ကို ပယ်ဖျက်ပစ်ဖို့ ငါ ဝန်မလေးဘူး၊ သူတို့ သွားချင်တဲ့ နေရာကို ငါတို့က ဘာမှ အပေးအယူမလုပ်ဘဲ ခေါ်သွားမယ်ဆိုရင် လေးလေးနက်နက် ဖြစ်လာနိုင်ပါ့မလား။

တစ်စုံတစ်ယောက်ကို သိမ်းသွင်းဖို့ အနိုင်ရဖို့ အောက်ဖက်ကနေ ဘယ်တော့မှ မစသင့်ပေ။ နင်ရှင်းက သူ့အဆင့်အတန်းကို မြှင့်တင့်သင့်မှန်း သိသည်။ ထိုလူများရှေ့မှာ ထိုက်တန်မှန်းလည်း သိသည်။

လူဝေဂျိုင်က နင်ရှင်း၏ ဆိုလိုရင်းကို အပြည့်အဝ နားမလည်ပေ။ သို့သော် နင်ရှင်း မှန်လောက်သည်ဟု သူ ခံစားမိသည်။

ထိုအဖွဲ့က ရှေ့သို့ ချီတက်သွားနေစဉ် အနက်ရောင်အရိပ်က သစ်ပင်များကြားမှာ ပုန်းခိုနေသည်။ သူက အနက်ရောင်မြွေလေးကို သစ်ရွက်ခြောက်များကြားသို့ လွှတ်လိုက်သည်။ ၎င်းသစ်ရွက်ခြောက်များက မြေပြင်ကို လုံးဝ ဖုံးအုပ်ထားသည်။ မြွေလေးက အလျင်အမြန် သစ်ရွက်ခြောက်များအောက်သို့ လျောဝင်သွားပြီး အရိပ်အယောင်ပင် မမြင်ရအောင် ပျောက်ကွယ်သွားသည်။

ဂျန်ဝုရှီတို့ အဖွဲ့က ရေရှိသော နေရာကို ရှာဖွေ၍ ကျောက်ချူတို့က သူတို့ ကိုယ်မှ သွေးများကို သန့်ရှင်းရေး လုပ်ကြသည်။ သူတို့က သစ်ပင် ငုတ်တိုများတွင် ထိုင်၍ သူတို့ရိက္ခာခြောက် ခွဲတမ်းကို တတိတိ ဝါးစားနေကြသည်။

တစ်ခဏအကြာတွင် ယဲ့ရှ ရုတ်တရက် ပေါ်လာသည်။ စောင့်ဆိုင်းနေသော ကျောက်ချူတို့က ချက်ချင်း မတ်တပ်ရပ်လာကြ၏။

သင့်ငယ်သားက ပစ်မှတ်ကို သေသေချာချာ ထောက်လှမ်းပြီးပါပြီ ယဲ့ရှက သတင်းပို့သည်။ သူက ခေါင်းငုံ့၍ ဒူးတစ်ဖက် ထောက်ထားသည်။

လူ ဘယ်နှစ်ယောက်လဲ ဂျန်ဝုရှီ မေးသည်။

၂၇ယောက်ပါ၊ ပြီးတော့ သူတို့က အဖွဲ့တစ်ခုနဲ့ ပေါင်းထားပါတယ်၊ လေညင်းကျောင်းတော်ကတော့ မဟုတ်ပါဘူး၊ သူတို့က လဝိညာဉ်ရေကန်ကို ဦးတည် သွားနေကြပါတယ်။ ယဲ့ရှက ပြန်ပြောသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now