၆၉၈။ ဖန်ချီ သေဆုံးပုံ (၁)

293 41 0
                                    

၆၉၈။ ဖန်ချီ သေဆုံးပုံ (၁)

ဝမ်ရှင်းဟန် ပြန်ပြောသည် သူက ငါ့မိတ်ဆွေဟောင်းရဲ့ သား၊ ငါ သူ့ကို စောင့်ရှောက်ပေးရမှာက ငါ့တာဝန်ပဲပေါ့။

ဂူလီရှန် ပြုံးသွားသည်။ သူ ပိုမို၍ စိတ်သက်သာသွားသည်။ သူ အရိုအသေပေးပြီး ထွက်ခွာသွားသည်။

ဝါးတောအုပ် ခြံဝင်းထဲတွင်, ဂျန်ဝုရှီက ဂုယင်အား ဝိညာဉ်ကုစားခြင်းနည်းစနစ်၏ အခြေခံများကို ရှင်းလင်းပြနေသည်။ ဂူလီရှန်က စိတ်ပါလက်ပါ နားထောင်လျက် ခုံတန်းလျားပေါ်တွင် ထိုင်နေသည်။ သူ့မျက်လုံးများမှ သတ်ဖြတ်လို၍ ကြမ်းကြုတ် ရက်စက်သော အရိပ်အယောင်များ ပျောက်ရှနေပြီး ဂူလီရှန် အစောပိုင်း ပြောပြခဲ့သည့် ဖော်ရွေပြီး ယဉ်ကျေးပျူငှာသော တပည့်ပုံစံ ပေါက်လာသည်။

သို့သော်လည်း ထိုအတုအယောင် မျက်နှာဖုံးအောက်မှ တကယ့်အစစ် အမှန်ကို ဂျန်ဝုရှီ ကောင်းကော်ငး သတိထားမိသည်။

ဂူလီရှန်က ဂျန်ဝုရှီ ညွှန်ကြားချက်အတိုင်း လက်တွေ့ လေ့ကျင့်နေသည်။ ဂျန်ဝုရှီက ဂုယင်၏ လုပ်ဆောင်ချက်တိုင်းကို လေ့လာအကဲခတ်နေသည်။

လေညင်းကျောင်းတော်မှာ ဂုယင်တစ်ယောက်တည်းသာဆိုလျှင်, ဂျန်ဝုရှီ များများစားစား ပူပန်မိမည် မဟုတ်ပေ။ သို့သော် နန်းတော်ဆယ့်နှစ်ခုမှ တခြားလူများလည်း ရှိနေသေးလျှင်, သူတို့အားလုံးကို ယဲ့ရှ ရင်မဆိုင်နိုင်မှာ သူမ စိုးရိမ်မိသည်။ ရန်သူ အရေအတွက်ကို သူမ တိကျသေချာစွာ သိရှိပြီးနောက်မှ ဆက်လက် လုပ်ဆောင်ရမည့် အရာကို သူမ ရွေးချယ်ရမည်။

အာ့ဂျန်က တစ်ဖက်တွင် စားပွဲ ကုလားထိုင်များကို သုတ်သင် ရှင်းလင်းနေသည်။ ဂုယင်၏ လှုပ်ရှားမှုက သူ့အား အာရုံပျက်ပြားစေသည်။ အာ့ဂျန်က သူတို့ထံ လှမ်းကြည့်သည်။ နုံအ၍ မသိနားမလည်သော အမူအရာက သူ့မျက်နှာမှာ ပေါ်လွင်နေသည်။ ဂုယင်က သူ့လက်များကို ပြင်းပြင်းထန်ထန် စူးစိုက်ကြည့်နေတာကို သူ တွေ့လိုက်သည်။ ဂုယင်က ထိုလက်များမှာ ထွက်ပေါ်နေသော သူ့ဝိညာဉ်စွမ်းအားများကို စူးစမ်းကြည့်နေသည်။ သူ့အကြည့်က ဂျန်ဝုရှီသို့ ရွေ့သွားသည်။ သူ့မျက်လုံးများမှာ အရေရာသော ကြောင်တောင်တောင် အကြည့်က ခဏတဖြုတ် ပေါ်လာပြီး ပျောက်ကွယ်သွားသည်။ သို့သော် သူက လျင်မြန်စွာ ခေါင်းငုံ့၍ အသံမထွက်ဘဲ သူ့အလုပ် သူ ပြန်လုပ်လိုက်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now