၅၇၄။ ရောင်းရင်းကျောင်းသားကို သတ်ဖြတ်သူ - ၂

366 48 0
                                    

၅၇၄။ ရောင်းရင်းကျောင်းသားကို သတ်ဖြတ်သူ - ၂

အမဲလိုက်ပွဲအတွင်း ရှုပ်ထွေးမှု ဖြစ်ပေါ်ခဲ့သည်။ ၎င်းဖြစ်ရပ်က လီဇီမုအား ဂျန်ဝုရှီက သူ့အဖွဲ့နှင့် ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့သည်ဟု လူများကို ယုံကြည်သွားစေသည်။ ထို့ကြောင့် ဂျန်ဝုရှီ၏ ရည်ရွယ်ချက်က အပေါ်ယံ မြင်ရသလောက် မရိုးရှင်းဟူ၍လည်း‌‌ တွေးတောသွားစေသည်။

ထို့ပြင် လီဇီမုက သူတို့နှင့် ပူးပေါင်းပြီး မကြာခင်မှာပင် တိုက်ပွဲတောအုပ်အတွင်း သေဆုံးသွားခဲ့သည်။ ဂျန်ဝုရှီ၏ အဖွဲ့တွင် လမ်းတစ်ဝက်မှ ပူးပေါင်းပါဝင်လာခဲ့သော လီဇီမုတစ်ယောက်တည်းသာ သေဆုံးသွားပြီး ဌာနခွဲမှ ‌ကျောင်းသားများကတော့ ပွန်းရာခြစ်ရာပင် မရှိချေ။ ပုံမှန်မဟုတ်သော ဒီအနေအထားက ကျောင်းသားများအားလုံးကို နက်နက်နဲနဲ သံသယဝင်သွားစေခဲ့သည်။

လီဇီမုက တကယ်ပင် ဂျန်ရှီ သတ်တာကို ခံလိုက်ရတာ ဖြစ်ရမည်။

ဂျန်ရှီက အစကတည်းကပင် သူ့ကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့တာ ဖြစ်မည်။

ဖန်ဂျင်က ဂျန်ဝုရှီကို စိုးရိမ်ပူပန်စွာ ကြည့်သည်။ ထိုကောလာဟလများက လေညင်းကျောင်းတော် တစ်ခွင်တစ်ပြင် တောမီးလို ပျံ့နှံ့နေသည်။ ဖန်ဂျင်က အကောင်းဆုံး ကြိုးစားပြီး ဖိနှိပ်သော်လည်း မရာမထင်ခဲ့ပေ။ ကောလာဟလများက ပိုပြီး မြန်မြန်ဆန်ဆန် ပြင်းပြင်းထန်ထန် ပျံ့နှံ့သွားသဖြင့် ဂျန်ရှီက လီဇီမုကို မနာလို မုန်းတီးသောကြောင့် သတ်လိုက်တာဟူ၍ လူတိုင်းက စွဲစွဲမြဲမြဲ ယုံကြည်သွားကြသည်။

ရောင်းရင်းကျောင်းသားကို သတ်ပစ်ခြင်းဟူသော ကောလာလဟ စတင်ဖြစ်သည်မှ စပြီး ပုံရိပ်ပျက်စီးခြင်းနှင့် ဂယက်ရိုက်မှုက လူဝေဂျိုင် ထွက်သွားတုန်းက အချိန်နှင့် အလားတူနေသည်။ လူဝေဂျိုင်က နင်ရှင်းကို ရောင်းရင်းကျောင်းသားများကို သတ်ပစ်ရန် အကောက်ကြံသူဟူ၍ စွပ်စွဲထားခဲ့သည်။ သူမအကြံအစည် မအောင်မြင်သော်လည်း သူမ၏ ဂုဏ်သိက္ခာက အပိုင်းပိုင်းအစစ ကြေမွ ပျက်စီးသွားခဲ့သည်။

အခုလည်း ဂျန်ဝုရှီက ရောင်းရင်းကျောင်းသားကို သတ်ပစ်သူဟူ၍ တံဆိပ်အသစ် ကပ်ခံလိုက်ရပြန်သည်။ ငြင်းကွယ်လို့ မရသည့် အနေအထား ဖြစ်နေ၏။ ဂျန်ဝုရှီက လီဇီမုသေခြင်း၏ တကယ့် လက်သည်တရားခံ ဖြစ်နေသည်။ ဒီဂယက်ရိုက်မှုတစ်ခုလုံးက အတော့်ကို ဆိုးရွားလွန်းသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now