၄၂၂။ "သားရဲဝိညာဉ်ဌာန - ၁"

455 35 0
                                    

၄၂၂။ သားရဲဝိညာဉ်ဌာန - ၁

ထိုနေ့ မွန်းလွဲပိုင်းတွင် ဂျန်ဝုရှီက သားရဲဝိညာဉ်ဌာန၏ ကျောက်စိမ်းတံဆိပ်ပြား ချိတ်ဆွဲ၍ ဖန်ဂျင် ခေါ်ဆောင်ရာနောက် လိုက်သွားသည်။ သူတို့ သားရဲဝိညာဉ်ဌာနသို့ ဦးတည်သွားကြသည်။ ဖန်ဂျင် ရှိနေသည့်အတွက် တခြားတပည့်များက ပြောင်ပြောင်တင်းတင်း မလုပ်ရဲကြချေ။ သူတို့က အုပ်စုဖွဲ့၍ ဖန်ဂျင့်ဘေးမှာ ရှိနေသော ဂျန်ဝုရှီကို ရည်ရွယ်၍ တီးတိုးတီးတိုးသာ ဝေဖန်ပြောဆိုကြသည်။ သို့သော်ငြား သူတို့ချင်းသာ ကြားနိုင်သည်။

သားရဲဝိညာဉ်ဌာနတွင် တပည့်ဟောင်းများနှင့် တပည့်သစ်များကို တကန့်စီ ခွဲခြား သင်ကြားပေးသည်။ ဖန်ဂျင်က ဂျန်ဝုရှီကို တပည့်သစ်များအတွက် အတန်းတက်ရန်ဌာနသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် စိုးရိမ်ပူပန်နေသဖြင့် သူ့မျက်နှာက ရှုံ့တွနေသည်။

ရှီလေ, ငါ သွားတော့မယ်၊ တစ်ယောက်ယောက်က မင်း သည်းမခံနိုင်စရာ စကား ပြောနေရင်လည်း စိတ်ထဲ မထားနဲ့၊ တကယ်လို့ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်ခဲ့ရင်, ငါ့ကိုသာ ပြော၊ ငါ သင်ခန်းစာ ကောင်းကောင်း ပေးလိုက်မယ်အလား။ ဖန်ဂျင်က တခြားတပည့်များရှေ့တွင် လက်သီးပြ၍ ပြောသည်။ ဖန်ဂျင်က တည်ငြိမ်အေးချမ်းမှုကို ချစ်မြတ်နိုးသူဟူ၍ လူများ သိထားကြသည်။ သို့သော် ဂျန်ဝုရှီ၏ ခက်ခဲကြပ်တည်းသော ပြဿနာကြောင့် သူ့ဂုဏ်သိက္ခာများ ပြိုကျ ပျက်စီးသွားပါစေ, ကာကွယ်ရန် အသင့်ဖြစ်နေ၏။

ဂျန်ရှီ အောင်မြင်ပြီးမြောက်မည့် နေ့ကို သူတို့ စောင့်ဆိုင်းနေရုံသာ။ ထိုနေ့ရောက်လျှင် သူတို့၏ နစ်နာချက်များက ပုံမှန် ပြန်ဖြစ်သွားမည် ဖြစ်သည်။

ဂျန်ဝုရှီက ဖန်ဂျင်ကို ကြည့်သည်။ သူက ကျောက်ချူနှင့် တစ်ပုံစံတည်းဖြစ်နေတာကို သူမ ရုတ်တရက် တွေးမိသည်။ ထို့နောက် သူမ အသာအယာ ခေါင်းညိတ်ပြလေ၏။

ဖန်ဂျင်က နောက်ထပ် စကားနည်းနည်း ပြောပြီးနောက် ထွက်သွားသည်။ သူက စိုးရိမ်ပူပန်မှုကြောင့် မျက်မှောင်ကုတ်နေလေ၏။

ဖန်ဂျင် ထွက်သွားရုံပင် ရှိသေးသည်။ စာသင်ခန်းတစ်ခုလုံးရှိ ကျောင်းသားများက ဖန်ဂျင်အား ကြောက်ရွံ့သဖြင့် တိတ်ဆိတ်နေရာမှ တပြိုင်နက် ဝေါခနဲ အသံကျယ် ထွက်လာကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now