၄၉၀။ "ဆက်တိုက်ရိုက်ချက်၊ တတိယပုံစံ-၁"

432 39 0
                                    

၄၉၀။ ဆက်တိုက်ရိုက်ချက်၊ တတိယပုံစံ-၁

ကာကွယ်သူအဆင့် လိပ်ပြာသားရဲဟူသည် မည်သူမျှ ရန်မစရဲသော တစ်စုံတရာ ဖြစ်သည်။ နင်ရှင်းအတွက် အဆင့်မြင့် လိပ်ပြာသားရဲငါးကောင်ကို အမဲလိုက်ပေးဖို့ လောင်ချီက ကနဦး သဘောတူညီခဲ့သည်။ သူမအဖွဲ့နှင့် သူတို့ လဝိညာဉ်ရေကန်သို့ ရောက်လာချိန်မှာ သူ့စကား တည်ဖို့ အဆင့်မြင့် လိပ်ပြာသားရဲများကို အရှာထွက်ခဲ့သည်။

သူ ဘယ်တုန်းကမှ မတွေးမိတာက... နင်ရှင်းနှင့် သူမအဖွဲ့က ကာကွယ်သူအဆင့် လိပ်ပြာသားရဲကို သူတို့ဆီ တည့်တည့် ခေါ်လာလိမ့်မည်ဆိုတာကို ဖြစ်သည်။ ထိုလူငယ်များက သားရဲကြီးကို သူတို့ဆီ တည့်တည့် ခေါ်လာပြီးနောက် လောင်ချီနှင့် သူ့လူများမှ တပါး သူတို့အားလုံးက အခွင့်အရေး ယူ၍ ရှောင်ထွက်သွားကြသည်။ လောင်ချီနှင့် သူ့အဖွဲ့ကို ဒုက္ခတွင်းထဲ ဆွဲချသွားခဲ့ကြသည်။

၎င်းအကြောင်းအရာကို တွေးမိ၍ လောင်ချီက ဒေါသတစီစီ ထွက်လာသည်။ သို့သော် အခြေအနေက သူ့အား ဆက်လက် တွေးတော၍ ကြန့်ကြာခွင့် မပေးပေ။

ရူလင်းစစ်သား ငါးယောက်က သားရဲကြီးနှင့် တိုက်ပွဲဝင်နေဆဲ ဖြစ်သည်။ သူတို့စွမ်းအားက သားရဲကြီး၏ ပြိုင်ဘက် လုံးလုံး မဖြစ်နိုင်ချေ။ သို့သော် ရောင်းဟန်တို့ အုပ်စု ဘေးကင်းရာသို့ ရှောင်ထွက်သွားနိုင်ရန် အချိန် နည်းနည်းရအောင် ဆွဲထားကြလို၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြ၏။ သူတို့အသက်များကို စတေး၍ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

ဒီသဘောကို တိုက်ပွဲပေါင်းများစွာ အတူတူ ဆင်နွှဲလာကြသဖြင့် သူတို့အချင်းချင်း မပြောဘဲ သိနိုင်ကြသည်။ သူတို့က အချိန်ဆွဲထားခြင်းမျှသာ ဖြစ်သည်။ သို့သော် သူတို့က ဒဏ်ရာများ ဗရပွဖြင့် သွေးများ စိုရွှဲနေကြလေပြီ။ သူတို့ လှုပ်ရှားတိုင်း သွေးများက မြေပြင်ပေါ်သို့ ပြန့်နှံကျကုန်သဖြင့် မြေပြင်က သွေးများဖြင့် ချင်းချင်းနီနေ၏။

ငါ့ညီအကိုတွေကို မင်းနဲ့ အတူ ခေါ်သွားဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ၊ ကျန်တဲ့ ငါတို့အုပ်စုက ဆက် အချိန်ဆွဲထားလိုက်မယ်။ လောင်ချီက ဆိုးဆိုးရွားရွား ဒဏ်ရာရထားသော စစ်သားနှစ်ယောက်ကို ရောင်းဟန်နှင့် ဆရာတူတပည့်များအား အပ်နှံလိုက်သည်။ ထို့နောက် နောက်သို့ လုံးဝ လှည့်မကြည့်တော့ဘဲ ပြင်းထန်နေသော တိုက်ပွဲအတွင်းသို့ ပြေးဝင်သွားလေ၏။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now