၇၀၇။ ရင်ဆိုင်ဖို့ ပြင်ဆင်ခြင်း (၆)

256 37 1
                                    

၇၀၇။ ရင်ဆိုင်ဖို့ ပြင်ဆင်ခြင်း (၆)

ဝမ်ရှင်းဟန်က ပါးစပ်မဖွင့်ပေ။ သို့သော် အသံက ဂျန်ဝုရှီ၏ နားထဲသို့ ရောက်ရှိလာသည်။

ဝိညာဉ်စွမ်းအားဖြင့် စကားသံ ပို့လွှတ်ခြင်း။

၎င်းစွမ်းရည်က ခရမ်းရောင်ဝိညာဉ်စွမ်းအားရှင်းများသာ အသုံးပြုနိုင်သော စွမ်းရည် ဖြစ်သည်။

ဂျန်ဝုရှီက မတွေ့ရတာ အချိန်တချို့ ကြာပြီဖြစ်သော ဝမ်ရှင်းဟန်ကို ကြည့်လိုက်သည်။ ဝမ်ရှင်းဟန်၏ အသွင်အပြင်က နည်းနည်းလေးမျှ မပြောင်းလဲတာကို သူမ သတိပြုမိသည်။ သို့သော် ဩဇာအာဏာပြည့်ဝသော အရှိန်အဝါက အခု သူ့မှာ ဝိုင်းပတ်နေလေ၏။ ဒါက အရင်ကနှင့် ကွဲပြားခြားနားသွားသော အချက်ဖြစ်သည်။

ဝမ်ရှင်းဟန်က ထိုနေရာမှာ ရှိနေရုံဖြင့် ဖိနှိပ်ခြင်းစွမ်းအားက သူတို့အပေါ် ကျရောက်လာတာကို သူတို့ ခံစားကြရသည်။

မဲနယ်ရောင်အဆင့်နှင့် ခရမ်းရောင်အဆင့်က တစ်ဆင့်တည်းသာ ကွာခြားသည်။ သို့သော် ၎င်းအဆင့်သို့ တက်လှမ်းဖို့ မဖြစ်နိုင်သလောက်ပင်။ မရေမတွက်နိုင်သော လူပေါင်းများစွာတွင် တစ်ယောက်တစ်လေသာ ဖြစ်နိုင်သည်။

ဂျန်ဝုရှီက ဝမ်ရှင်းဟန်၏ စူးစမ်းသော အမေးကို ချက်ချင်း မဖြေပေ။ သူမက တံခါးဝသို့ လှည့်ကြည့်လိုက်သည်။ ဝမ်ရှင်းဟန်က နားလည်ဟန်ဖြင့် ပြောသည် ငါ့စွမ်းအားနဲ့ ခြားထားတယ်၊ သူ ငါတို့ ပြောစကားကို နားထောင်နိုင်မှာ မဟုတ်ဘူး။

ဝမ်ရှင်းဟန်က စကားပြောနေချိန်မှာ လျှို့ဝှက်သိုသိပ်စွာ သူ့‌ရှေ့ရှိ သေးသေးသွယ်သွယ် လူငယ်ကို နှိုင်းချင့်စဉ်းစားနေသည်။ လူငယ်က သူ့လို အသက်အရွယ်ရှိသော တခြားလူငယ်များနှင့် နှိုင်းစာလျှင် သေးငယ်သော ခန္ဓာကိုယ်ရှိကြောင်း သတိပြုမိဖို့ လွယ်ကူသည်။ ထို့ပြင် အလွန်လည်း ပိန်ပါးသည်။ သူ၏ နူးညံ့သော မျက်နှာသွင်ပြင်က သူ တွေ့ခဲ့သည့် မြို့နှင့် တိုင်းပြည်များကိုပင် ဖရိုဖရဲ ဖြစ်စေနိုင်သော ထိုတစ်ယောက်နှင့် ကွဲပြားသည်။ သို့သော် ဘယ်လို ကြည့်ကြည့်, ဆောင်းရာသီ ရေထုလို အေးစက်စက်နိုင်သော မျက်လုံးတစ်စုံက အလွန်အမင်း တူညီနေလေ၏။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now