၄၁၃။ "အသရေဖျက်ခြင်း - ၅"

433 38 0
                                    

၄၁၃။ အသရေဖျက်ခြင်း - ၅

ဖန်ဂျင်၏ တင်းမာခက်ထန်သော သတိပေးမှုကြောင့် လူငယ်များက မကန့်ကွက်ရဲကြသော်လည်း, သူတို့မျက်လုံးများကတော့ လက်မခံနိုင်ဟန်ကို ပြသနေကြသည်။

ဒုတိယထပ်တွင် အမကြီးနင်က အဖြစ်အပျက်အားလုံးကို စူးစမ်းလေ့လာနေသည်။ သူမ၏ ဆွဲဆောင်အားကောင်းသော နှုတ်ခမ်းများက တွန့်ကွေးတက်သွားသည်။ ဂျန်ရှီအား တခုခု ပြောနေသော ဖန်ဂျင်ကို သူမက လက်ညှိုးထိုးပြ၍ ပြောသည် ဖန်ဂျင်က အချိန် အတော်ပေးတာပဲ၊ ကောင်စုတ်လေး ဂျန်ရှီက တကယ်ပဲ သရုပ်ဆောင်ကောင်းလို့ နေမယ်၊ ဖန်ဂျင်ကို လုံးဝ အရူး လုပ်နိုင်တာပဲ၊ အဲကောင်စုတ်လေးသာ သူ ဝိညာဉ်ကုစားဌာနကို ဝင်ရောက်ခွင့်ရတယ်လို့ ထုတ်ဖော် မပြောခဲ့ရင်, ဖန်ဂျင်က သူ့နည်းပြ ဖြစ်ဖို့ ဒီလောက် စိတ်အားထက်သန်မယ်လို့ ငါ မထင်ဘူး၊ ခု သူ့မျှော်လင့်ချက်တွေ ပြုတ်ပြုတ်ပြုန်းတော့မယ်ဆိုတော့, သူ အရမ်း စိတ်ပျက်သွားမှာ အသေအချာပဲ၊ ဟုတ်တယ်မို့လား ယန်လေး။

ယင်ယန်က အကျေနပ်ကြီး ကျေနပ်သွားသည်။ ဖန်ဂျင်၏ မျှော်လင့်ချက် ပျက်သုန်းခြင်းက သူ့အား တခြားသူများမျှော်လင့်ချက်ပျက်သုန်းခြင်းထက် ပိုမို၍ ပျော်ရွှင်စေနိုင်သည်။

နင် ကျောင်းဝင်ခွင့်ရတဲ့ နှစ်ကို မှတ်မိလား၊ အဲနှစ်မှာ ဖန်ဂျင်က နင့်နည်းပြအဖြစ် အဆိုပြုခံရတယ်၊ ဒါပေမဲ့ သူက လက်ထောက် ကျောင်းအုပ်ကြီး စကားကို မနာခံဘဲ နင့်ကို ကျောင်းတော်ထဲ ခေါ်ဆောင်သွားဖို့ ဗြောင်တင် ငြင်းဆိုခဲ့တယ်၊ တခြားလူတွေက နင့်ကို ပြောင်လှောင်လို့ နင် အရှက်ကွဲခဲ့တာ မှတ်မိသေးလား အမကြီးနင်က ယင်ယန်ဘက်သို့ လှည့်ကြည့်ကာ ပြောသည်။

ယင်ယန်က မျက်လုံးများ ကျဉ်းမြောင်းကာ ပြန်ပြောသည် ဖန်ဂျင် ငါ့ကို ပြောမပြတတ်အောင် အရှက်ခွဲခဲ့တဲ့ နေ့ကို ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။

ထိုနှစ်မှာ ယင်ယန်က လေညင်းကျောင်းတော်သို့ ဝင်ရောက်ခါစ ဖြစ်သည်။ ဖန်ဂျင်သည်လည်း လိပ်ပြာသားရဲ တိုက်ပွဲ တံခွန်စိုက် ပြိုင်ပွဲသို့ မဝင်ရောက်ရသေးပေ။ သူက အဆင့်အတန်းမရှိသေးသဖြင့် ဝင်ရောက်ခါစ တပည့်အသစ်ကို နည်းပြဖို့ ရွေးချယ်ခံခဲ့ရသည်။ ထိုစဉ်တုန်းက ယင်ယန်ကို ဖန်ဂျင်အတွက် ခွဲဝေသတ်မှတ်ပေးခဲ့သည်။ ယင်ယန်၏ မွေးရာပါ အရည်အချင်းက အတော် သန်မာသဖြင့် လက်ထောက် ကျောင်းအုပ်ကြီးက သတိပြုမိခဲ့သည်။ ကျောင်းအုပ်ကြီးက ကျောင်းသားသစ်ဖြစ်သော သူ့ကို ဂရုစိုက်ပေးရန် ဖန်ဂျန်အား အထူးတလည် ညွှန်ကြားခဲ့သည်။ သို့သော် ဖန်ဂျင်က ဘွင်းဘွင်းရှင်းရှင်း ငြင်းဆိုလိမ့်မည်ဟူ၍ မည်သူ သိမည်နည်း။ လက်ထောက်ကျောင်းအုပ်ကြီး စကားကို ဖန်ဂျင်က မနာခံဘဲ ယင်ယန်အား တစ်ချက်ကလေးပင် မကြည့်မူ၍ လှည့်ထွက်သွားခဲ့သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now