၃၁၄။ "မုချန်၏ အလျော့မပေးသည့် စိတ်ဓာတ် - ၁"

676 48 0
                                    

၃၁၄။ “မုချန်၏ အလျော့မပေးသည့် စိတ်ဓာတ် - ၁”

ဟွာယောင်းက ခဲချန်ဂျုလို ဟန်ဆောင်၍ ချင်းယန်ကလန်တစ်ခုလုံးကို မွှေနှောက်ဖျက်ဆီး၍  အမုန်းမီးတောက်အောင် လုပ်နေပြီး အကြောက်တရားကို ထည့်သွင်းပေးနေသည်။ ထိုစဉ်အတွင်းမှာပင် ဂျန်ဝုရှီက အငြိမ်မနေခဲ့ပေ။ သူမက သစ်သားပုတီးစေ့ကို အသုံးပြု၍ သူမဝိညာဉ်စွမ်းအားကို တိုးတက်အောင် လုပ်နေသည်။ ထို့ပြင် တိမ်ဖုံးတောင်ထွတ်မှာ ရှိသည့် ဆေးဖက်ဝင်အပင်များဖြင့် သက်ရောက်မှု အမျိုးမျိုးရှိသည့် ဆေးများကို ဖော်စပ်နေသည်။

ထိုအလုပ်များ လုပ်နေစဉ်အတွင်းမှာပင်, သူမက တိမ်ဖုံးတောင်ထွတ်မှ ဆင်း၍ ရောင်းဟန်အား ဆေးများနှင့် တချို့ ဆေးဖက်ဝင်အပင်များကို လွှဲပြောင်းပေးခဲ့သည်။ ၎င်းဆေးများ ဆေးပင်များက ရှုပ်ထွေးပွေလီသည့် သွေးကြောများကို ရင့်သန်စေသည်။

ရောင်းဟန်က သူမအား တိမ်ဖုံးတောင်ထွတ်သို့ ရောက်ရှိသည့် ပထမရက်သတ္တပတ်မှာပင် သေခြင်းမှ လွတ်မြောက်ဖို့ အပြည့်အဝ မျှော်လင့်ထားခဲ့သည်။ သူက ဆေးထုတ်များကို လက်ခံရရှိသည့်အခါမှာ, သူက ပျာယာခတ်သွားပြီး, ဂျန်ဝုရှီအား အရမ်းကျေးဇူးတင်သွားသည်။

သူ မပြန်ခင်မှာ, ဂျန်ဝုရှီအား တိမ်ဖုံးတောင်ထွတ်တွင် ပိုမို၍ သတိထားနေဖို့နှင့် ခဲချန်ဂျု မွှေနှောက်နေလို့ တခြားတောင်ထွတ်များက ဒေါသထွက်နေကြပြီး တိမ်ဖုံးတောင်ထွတ်မှ မထွက်ခွာဖို့ သတိပေးဖို့ မမေ့ခဲ့ပေ။ တခြားတောင်ထွတ်များက တိမ်ဖုံးတောင်ထွတ်ကို လက်စားချေမှာကို ရှောင်ရှားနိုင်ဖို့ ဖြစ်သည်။

တခြားတောင်ထွတ်များမှ တပည့်များက ကြောက်ရွံ့နေကြပြီး တိမ်ဖုံးတောင်ထွတ်ကို အတော် မုန်းနေကြသည်။ ထို့ပြင် တိမ်ဖုံးတောင်ထွတ်မှ လမ်းလွဲထွက်လာသော တပည့်များအပေါ် သူတို့က လက်တုံ့ပြန်နိုင်ကြသည်။

ဂျန်ဝုရှီက သူ၏ ရည်ရွယ်ချက်ကောင်းသည့် သတိပေးချက်ကို နားထောင်နေသည်။ သို့သော် သူမက တိတ်ဆိတ်စွာသာ နေခဲ့သည်။ တောင်ထွတ်များကြား ဖရိုဖရဲ ဖြစ်နေတာကို သူမက အလွန် သဘောကျ ကျေနပ်နေသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now