၄၈၃။ "အရမ်းကြမ်းသော တပ်ဖွဲ့-၂"

432 42 0
                                    

၄၈၃။ အရမ်းကြမ်းသော တပ်ဖွဲ့-၂

ချီတိုင်းပြည်က ရှုံးလို့ မရသလို, ရှုံးလည်း မဝံ့ပေ။

မနှိမ်နင်းနိုင်သော ဂုဏ်သတင်းက တခြားနည်းလမ်းကို ထွက်ပေါက်အနေဖြင့် မစဉ်းစားနိုင်သောကြောင့် ဖြစ်လာရသည်။

သူတို့ ရှုံးသွားလျှင် သူတို့ တိုင်းပြည် ပျက်စီးသွားရလိမ့်မည်။

၎င်းအကြောင်းအရာကို စကားစမြည် ပြောဆိုခဲ့တုန်းက ဂျန်ရှင်းယန်၏ ဝမ်းနည်းကြေကွဲနေသော အမူအရာကို ဂျန်ဝုရှီ ထင်ထင်ရှားရှား မှတ်မိနေသည်။ ဂျန်ရှင်းယန်က အမြဲတမ်း အားတင်း ပြုံးထားသော်လည်း ဆုံးရှုံးနာကျင်မှုကို ပြန်လည် သတိရလာချိန်မှာ သူ့မျက်လုံးများက အမြဲတမ်း ဝမ်းနည်းကြေကွဲနေလိမ့်မည်။

ရူလင်းစစ်တပ်၏ ထင်ပေါ်ကျော်ကြားသော ဂုဏ်သတင်းကို ကိုယ်ကျိုးမငဲ့သော စစ်သားများ၏ အသက်ပေါင်းများစွာဖြင့် ရရှိလာခဲ့ခြင်း ဖြစ်သည်။ ရူလင်းစစ်တပ်၏ ကြမ်းတမ်းခြင်းနှင့် အင်အားကို လူတိုင်း သိကြသော်လည်း သူရဲကောင်းများ မရေတွက်နိုင်လောက်အောင် သေဆုံးသွားရခြင်းကို မည်သူမျှ မမှတ်မိတော့ပေ။ ၎င်းသူရဲကောင်းများက သူတို့ တိုင်းသူပြည်သားများအတွက် အသက်ပေးသွားခဲ့ကြသည်။

တတ်နိုင်လျှင် ဂျန်ရှင်းယန်က အားလုံးသော ဂုဏ်သတင်းနှင့် ကံကောင်းခြင်းများကို လိုလိုလားလား စွန့်လွှတ်မှာ ဖြစ်ပြီး စစ်ပွဲတိုင်းမှာ ရဲရဲဝံ့ဝံ့ဖြင့် သူ့ဘေးမှာ တိုက်ပွဲဝင်ခဲ့သော သူရဲကောင်းများကိုသာ လက်ခံလိုက်မှာ ဖြစ်သည်။

ဂျန်မိသားစုဝင်များက ရူလင်းစစ်တပ်၏ အကြောက်အရွံ့ကင်းသော ဂုဏ်သိက္ခာကို ဘယ်တော့မှ ဂုဏ်ယူဝံ့ကြွားမှာ မဟုတ်ပေ။

သည်စကားကို ဂျန်ရှင်းယန်ကိုယ်တိုင် လက်ဆင့်ကမ်းပေးထားသည်။

တပ်မှူးတစ်ယောက်က သူ့တပ်သားများကို တိုက်ပွဲမြေပြင်မှ မိမိအိမ်သို့ ပြန်လည် မခေါ်ဆောင်လာနိုင်လျှင် ရှက်စရာသာ ဖြစ်သည်။ တပ်မှူး၏ အရည်အချင်းညံ့ဖျင်းခြင်းအပေါ်မှာ အပြစ်မှန်သမျှ တင်ရမည် ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now