၅၅၅။ မိုးကောင်းကင်အဆုံး ချောက်နက်-၂

425 45 0
                                    

၅၅၅။ မိုးကောင်းကင်အဆုံး ချောက်နက်-၂

အချက်အလက်အားလုံး ပြောပြနေတာက အမှောင်ဘုရင်ကြီး၏ အုတ်ဂူက မိုးကောင်းကင်အဆုံး ချောက်နက်ထဲမှာ ရှိနေနိုင်တာ မသေချာတာတော့ မဟုတ်ပေ။ နန်းတော်ဆယ့်နှစ်ခု အဖွဲ့ဝင်များက ရက်ရက်စက်စက် အသတ်ခံရပြီး သူတို့မိသားစုများလည်း အမြစ်ပြတ် သုတ်သင်ခံခဲ့ရသည်။ ဒါက တကယ်တော့ မိုးကောင်းကင်အဆုံး ချောက်နက်၏ အောက်ခြေ‌မြေပြင်ကို မြေပုံထုတ်နိုင်သောကြောင့် ဖြစ်သည်။

သို့မဟုတ်ပါက နန်းတော်ဆယ့်နှစ်ခု၏ အင်အားဖြင့်ဆိုလျှင် အမှောင်ဘုရင်ကြီး၏ အုတ်ဂူက ချောက်နက်မှ တပါး တခြားနေရာများမှာ ရှိနေပါက, သူတို့ မရှာတွေ့နိုင်စရာ အကြောင်းမရှိတော့ပေ။

သို့သော် ၎င်းနေရာက ထောင်ချောက်များ အပြည့်ရှိနေပြီး မထိုးဖောက်နိုင်သော အဆိပ်မြူများဖြင့် ပြည့်နှက်နေပါက, ပြည့်စုံ တိကျသော မြေပုံ ရှိပါမှ နေရာကို အတိအကျ ထောက်လှမ်းနိုင်လိမ့်မည်။

မုကွိုင်ဖန် ပြောပုံအရဆိုရင်, သူ့ကို လူတစ်ယောက် လာရှာတယ်၊ ချောက်နက်ထဲက မြေပြင်အနေအထားကို စစ်ဆေးဖို့ တာဝန်ကို သူတို့ကို အပ်နှင်းခဲ့တယ်တဲ့၊ ဒါက ဘာကို ဆိုလိုနေတာလဲဆိုတော့ အဲလူတွေက မြေပုံတစ်ပိုင်းတစ်စကို ပိုင်ဆိုင်ထားတယ်လို့ ဆိုလိုတာပဲ၊ နန်းတော်ဆယ့်နှစ်ခုထဲကလား, ဒါမှ မဟုတ် သူတို့ အတွက် အလုပ်လုပ်ပေးနေသူကလား၊ ပြီးတော့ ဖြစ်နိုင်ချေ ရှိတာက မုကွိုင်ဖန်ကို ရှာတဲ့သူက လေညင်းကျောင်းတော်က မြေပုံကိုင်ထားသူလည်း ဖြစ်နိုင်တာပဲ ဖေးယန်က တွေးတွေးဆဆဖြင့် ပြောသည်။

နန်းတော် ဆယ့်နှစ်ခုနဲ့ ကျေးဇူးမကင်းတဲ့ အောက်ဘုံက အင်အားစု ဖြစ်နိုင်လောက်တယ် ဂျန်ဝုရှီက တိတိကျကျ ပြောသည်။ သူမလေသံက ကိုယ်တိုင် သေချာ သိနေသလိုပင် ဖြစ်သည်။

ဘာ့ကြောင့်လဲ ဖေးယန်က အံ့အားတသင့်ဖြင့် မတ်တပ်ရပ်မိသည်။

ဂျန်ဝုရှီ ပြန်ပြောသည် နန်းတော်ဆယ့်နှစ်ခုက အခုထိ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားတုန်းပဲလေ၊ သူတို့က မြေပုံ အပြည့်အစုံ ဖြစ်အောင် စုဆောင်းချင်နေကြတယ်၊ ဒါဆို အမှောင်ဘုရင်ကြီးရဲ့ အုတ်ဂူက ချောက်နက်ထဲမှာ ရှိနေတယ်ဆိုတဲ့ အကြောင်းကို သူတို့ သိထားကြလို့ပေါ့၊ ပြီးတော့ အဲချောက်နက်ထဲက မြေပြင် အနေအထားကိုလည်း သူတို့ သတိပြုမိကြလိမ့်မယ်၊ ဒါ့ကြောင့် သူတို့က မုကွိုင်ဖန်လို မတုံးအလို့ တုံးအတဲ့ မုကွိုင်ဖန်တို့ အုပ်စုကို ပိုက်ဆံပေးပြီး မြေပြင်အနေအထားကို ရှာဖွေခိုင်းလိုက်တာ၊ နေရာ တိတိကျကျ သိချင်ကြလို့ပေါ့။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now