၆၃၀။ ရုတ်တရက် ခွဲခွာခြင်း

331 41 0
                                    

၆၃၀။ ရုတ်တရက် ခွဲခွာခြင်း

ထိုအခိုက်တွင် ဂျန်ဝုယောင်း မျက်မှောင်ကြုတ်သွားသည်။ သူ့နှုတ်ခမ်းများက မိစ္ဆာဆန်ဆန် အပြုံးဖြင့် ကော့တက်သွားသည်။ တိတ်ဆိတ်ငြိမ်သက်သော တောအုပ်တွင် သူက အဝေးတစ်နေရာသို့ ခေါင်းမော့ကြည့်လိုက်သည်။

သူတို့က တကယ် ဇွဲကောင်းတာပဲ။

ယဲ့မေ့ တောင့်တင်းသွားသည်။ သူက ကာကွယ်ဖို့ အသင့်ပြင်လိုက်သည်။

ဂျန်ဝုယောင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်း၍ ခပ်တိုးတိုး ရယ်ပြီး ပြောသည် ဒီတစ်ခါတော့ ရှီလေးကို လက်ဆောင် ကိုယ်တိုင် ပေးနိုင်ပုံ မပေါ်တော့ဘူး... ယဲ့မေ့....

အရှင့်ငယ်သားက အမိန့်ကို စောင့်ဆိုင်းနေပါတယ်။

ရှီလေးအတွက် ဆေးမီးပြင်းဖို တစ်ခု ရှာလိုက်၊ သူမကို ပြောလိုက်ပါ... ရက်နည်းနည်းကြာရင် သူမဆီ ငါ ပြန်လာတွေ့ပါ့မယ်လို့...

ဟုတ်ကဲ့ပါ သခင်ကြီး ယဲ့မေ့က အမိန့်ကို နာခံသောအားဖြင့် ဒူးတစ်ဖက် ထောက်လိုက်သည်။

ဂျန်ဝုယောင်း နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ဘဲ သူ ရပ်တည်နေရာမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။

ယဲ့မေ့က ခေါင်းမော့၍ သစ်ရွက်ထူထူများကြားသို့ ချောင်းကြည့်သည်။ မြန်ဆန်သော အလင်းရောင်တန်း တချို့ ကောင်းကင်မှ ဖြတ်သန်းသွားတာကို သူ တွေ့လိုက်သည်။

----------------------

ဝါးတောအုပ်လေးအတွင်းမှာ ဂျန်ဝုရှီက ယဲ့မေ့ကို ကြည့်လျက် မျက်မှောက်ကြုတ်နေသည်။ ယဲ့မေ့က သူမရှေ့မှာ ဒူးထောက်ခစားနေသည်။

သခင်လေး ဝုယောင်းက အရေးတကြီး စီမံစရာကိစ္စ ပေါ်ပေါက်လာလို့ ခေတ္တခဏလောက် သခင်မလေးကို မတွေ့နိုင်ဘူး ဖြစ်နေပါတယ်၊ ဒီဆေးမီးပြင်းဖိုက သခင်လေး ဝုယောင်းက သခင်မလေးကို ပေးပေးဖို့ ပြောထားတဲ့ အရာပါ။ ယဲ့မေ့က ဆေးမီးပြင်းဖိုလေးကို သူ့အင်္ကျီအိတ်ထဲမှ ဆွဲထုတ်လိုက်သည်။ ၎င်းဆေးမီးပြင်းဖို၏ အပြင်ပန်းကို နဂါးရုပ်များဖြင့် အသေးစိတ် ထွင်းထုထားသည်။ အလွန် လက်ရာမြောက်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now