၈၁၄။ ရှေ့တက်ဖို့ နောက်ဆုတ်ခြင်း (၄)

172 26 0
                                    

၈၁၄။ ရှေ့တက်ဖို့ နောက်ဆုတ်ခြင်း (၄)

ဘုရင်ကြီး ဒါမှမဟုတ် စတုတ္ထမင်းသားရယ်လို့ မင်း ဘယ်လိုလုပ် သိသလဲ၊ ဘုရင်ကြီးက.... လေ့ချန်ရဲ့ အဖေပဲ မဟုတ်ဘူးလား၊ လေ့ချန်က ဘုရင်ကြီးရဲ့ အသုံးတော်ခံပဲ ထားအုံး၊ သူ့အဆင့်က အိမ်ရှေ့စံပဲလေ၊ အပေါ်ယံအနေနဲ့ ကြည့်ရင်လည်း လေ့ချန်က အတော် ကောင်းကောင်း လုပ်ဆောင်နေတာပဲ၊ ဘာလို့ ဘုရင်ကြီးက... သူ့အပေါ် ဒီလိုမျိုး လုပ်ရမှာလဲ ကျောက်ချူက အတော့်ကို စဉ်းစားရ ကျပ်နေသည်။

ဂျန်ဝုရှီက ခဏလောက် ရပ်တန့်၍ တိတ်ဆိတ်စွာ နေပြီးနောက် ရုတ်တရက် ‌မေးလိုက်သည် ချီတိုင်းပြည်ရဲ့ လက်ရှိ အုပ်ချုပ်သူက ဘယ်သူလဲဆိုတာ နင် သိလား။

ကျောက်ချူက စဉ်းစားပြီး ပြောလိုက်သည် အင်း, ငါ သိတယ်၊ အဲဒါ အရင်က အိမ်ရှေ့စံပဲမို့လား ဂျန်ဝုရှီက ချီတိုင်းပြည် လင်းအိမ်တော်၏ သခင်မလေး ဖြစ်သဖြင့်, ကျောက်ချူက ချီတိုင်းပြည်အကြောင်းကို သိသင့်သလောက်တော့ သိပေသည်။

ဒါဆို သူ အိမ်ရှေ့စံဘဝတုန်းက သူ့မယ်တော်ရယ်, သူ့မယ်တော်ရဲ့ ဆွေမျိုးတွေရယ်, အားလုံးကို အရင်ဘုရင်ကြီးက အစုလိုက် သတ်ဖြတ်ပစ်တယ်ဆိုတာရော နင် သိသလား ဂျန်ဝုရှီက မေးသည်။

အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ကျောက်ချူက မျက်လုံးပြူးလျက် မေးသည်။

မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ထိုသို့ ပြောသော ဂျန်ဝုရှီမှာ အမူအရာကင်းမဲ့လို့ နေသည်။ ၎င်းအကြောင်းကို သူမအတွက် ပုံပြင်တစ်ပုဒ် ပြောနေသလိုပင်။ အရင်ဘုရင်ကြီးက အိမ်ရှေ့စံကို မနှစ်သက်ဘူး၊ ဒုတိယမင်းသားကို အမွေဆက်ခံစေချင်ခဲ့တယ်၊ ဒါပေမဲ့ သူ စိုးရိမ်နေတာက သူ့ ဂုဏ်သိက္ခာပဲ၊ သူက အိမ်ရှေ့စံကို အကြမ်းနည်းသုံးပြီး ဖယ်ရှားပစ်လို့ ရတယ်၊ ဒါပေမဲ့ အဲအစား သူက အိမ်ရှေ့စံကို ဖြည်းဖြည်းချင်းနဲ့ပဲ သေမဲ့အထိ တွန်းပို့နေခဲ့တာ၊ အိမ်ရှေ့စံရဲ့ နာမည်ကိုလည်း လူကြားထဲမှာ ဖျက်လိုဖျက်ဆီး လုပ်ဆောင်ခဲ့တယ်၊ တစ်ချိန်တည်းမှာပဲ ဒုတိယမင်းသားကို ရှေ့ကို တွန်းပို့ခဲ့တယ်၊ မျှော်လင့်မထားတဲ့ တစ်စုံတရာသာ ဖြစ်ပျက်မလာခဲ့ရင်, ချီတိုင်းပြည်ဘုရင်ကြီးက အခုဆို မတူကွဲပြားတဲ့ လူတစ်ယောက် ဖြစ်နေလောက်ပြီ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now