၂၃၀။ "ညှဉ်းပန်းနှိပ်စက်ခြင်း - ၂"

1K 68 2
                                    

၂၃၀။ “ညှဉ်းပန်းနှိပ်စက်ခြင်း - ၂”

သူမ တော်ဝင်သင်္ချိုင်းကိုလည်း ရောက်ခဲ့ပြီးပြီ။ ဂျန်မိသားစု၏ ဂူသင်္ချိုင်းနယ်မြေကိုလည်း ရောက်ခဲ့ပြီးပြီ။ နန်းတော်တစ်ခုလုံးကိုလည်း မွှေနှောက်ခဲ့ပြီးပြီ။ ဝိညာဉ်ကျောက်စိမ်း၏ တည်နေရာကို သူမ တစိုးတစိမျှ မတွေ့ရှိသေးပေ။

မိုချင်းယွမ်က သူမအား လိမ်ညာနေတာလို့ ချင်ယုယန်က ဆုံးဖြတ်လိုက်သည်။

ချင်းယန်ကလန်အား လိမ်ညာသည့်အတွက် ပေးဆပ်ရမည့် တန်ဖိုးက, လူတိုင်း သည်းမခံနိုင်သည့် တစ်စုံတရာ ဖြစ်သည်။

သူမက မိုချင်းယွမ်ကို သတ်ဖြတ်မည် မဟုတ်ဘဲ အသက်ရှင်ရုံလေးပဲ ထားမှာ ဖြစ်သည်။ ဝိညာဉ်ကျောက်စိမ်း၏ တည်နေရာကို ဖိအားပေး ထုတ်ဖော်ပြောဆိုစေပြီးနောက်, သူ့ကို ချင်းယန်ကလန်သို့ ကိုယ်တိုင် ခေါ်ဆောင်သွားပြီး, ခြေလက်များကို ဖျက်ဆီးပစ်ပြီး, သူမ၏ ဆေးအရိုးအိုးမှာ စိမ်ထားမည် ဖြစ်သည်။ ၎င်းအရိုးအိုးမှာ အခံရခက်သော အဆိပ်ဖြင့် ပြည့်နှက်နေသည်မို့ သူ့အား ပြောမပြနိုင်အောင် နှိပ်စက်ညှဉ်းပန်းပြီး အသက်ရှင်လျက် နာကျင်ခံစားစေမည် ဖြစ်သည်။

ဒါက ချင်းယန်ကလန်ကို လိမ်ညာလှည့်စားသည့်အတွက် ပေးဆပ်ရမည့် တန်ဖိုး ဖြစ်သည်။

“ယန်ရှင်းအန်” ချင်ယုယန်က ရုတ်တရက် ခေါ်လိုက်သည်။ ဘေးနားမှာ တိတ်ဆိတ်စွာ ရပ်နေသည့် ဘိုင်ယန်ရှင်းအန်က ရုတ်တရက် အသိဝင်လာသည်။ သူမက သိသာထင်ရှားစွာ ဖြူရော်ရော် ဖြစ်သွားပြီး ဘုရင့်ပလ္လင်ပေါ်တွင် ထိုင်နေသည့် ချင်ယုယန်၏ ရှေ့တွင် ကြောက်လန့်တကြား ဒူးထောက်ချလိုက်သည်။

“အမကြီး, ကျမ အမှားလုပ်မိတာ သိပါပြီ၊ ကျမ နောက်ထပ် ဒီလိုမျိုး ဒုက္ခမပေးတော့ပါဘူး” ချွေးသီးချွေးပေါက်များက သူမ မျက်နှာမှ စီးကျလာသည်။ ချင်ယုယန်က အပေါ်ယံအားဖြင့် နူးညံ့သိမ်မွေ့သဖြင့် လူများက သူမအား ချစ်ခင်ကြသည်။ သို့သော် ချင်းယန်ကလန်တပည့်များက သူမကို အတွင်းကျကျ သိကြသည်။ သူမ မျက်နှာဖုံးနောက်မှာ ကြောက်စရာ အလွန်ကောင်းမှန်း သူမ သိသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now