၃၃၆။ "ခြောက်ခုမြောက် ရိုက်ချက် - ၈"

599 49 0
                                    

၃၃၆။ “ခြောက်ခုမြောက် ရိုက်ချက် - ၈”

“ဟေး, အကိုဟွာ, ဒီလိုသာ ဆက်လုပ်နေရင်, သူ မကြာခင် သေသွားလိမ့်မယ်။” ကျောက်ချူက အချိန်ကြာလာသည်နှင့် ချင်ယွဲ့ တဖြည်းဖြည်း အားနည်းလာတာကို တွေ့ရသည်။ ချင်ယွဲ့က သေခါနီးနေတာတောင် ထုတ်ဖော်ပြောဖို့ ငြင်းဆန်နေမည်ဟု သူတို့ ထင်မှတ်မထားကြချေ။ ချင်ယွဲ့ သေတာကို သူတို့ ဂရုစိုက်ကြသည် မဟုတ်ပေ။ သို့သော် ချင်ယွဲ့ သေသွားလျှင်, သူက ဘယ်နေရာမှန်း အတိအကျ မသိရသည့် မြေပုံကိုပါ ယူဆောင်သွားမည် ဖြစ်သည်။

ဟွာယောင်းက စိတ်ရှုပ်သွားသဖြင့် မျက်မှောင်ကြုတ်သည်။ သူ၏ ချောမောသည့် မျက်နှာပုံက အံ့အားသင့်သဖြင့် တွန့်ကွေးသွားရသည်။

ချင်းယန်ကလန်က ကြီးမားကျယ်ပြန့်သည်။ ချင်ယွဲ့က နေရာမဖော်ထုတ်ဘဲ အသေခံသွားလျှင်, သူတို့က တိမ်ထူတောင်ထွတ်အကုန်လုံးကို အနှံ့ပြားစီး ရှာဖွေရတော့မည် ဖြစ်သည်။ ဒါဆိုလျှင် သူတို့ အချိန်များစွာ ကုန်မည်ဖြစ်သည်။

“ငါ လုပ်လိုက်မယ်။” ဂျန်ဝုရှီက ရုတ်တရက် ပြောသည်။

ဟွာယောင်းက ဂျန်ဝုရှီကြောင့် ဇဝေဇဝါ ဖြစ်သွားသည်။

“ငါ ပြောပြီးပြီလေ, ငါတို့မှာ တစ်နာရီပဲ အချိန်ရပါတယ်လို့။” ဂျန်ဝုရှီက ခပ်ဖြည်းဖြည်း ပြောသည်။ ချင်ယွဲ့က သူမ ပြောထားသလိုပင် တစ်နာရီအတွင်းမှာ သေဆုံးမှာ ဖြစ်သည်။ တစ်နာရီထက် မကျော်လွန်နိုင်တော့ပေ။

ဟွာယောင်းက ခေါင်းနှစ်လုံး အရိုးမြွေကို ချင်ယွဲ့အား လွှတ်ပေးခိုင်းပြီး မြေပြင်ပေါ် ချခိုင်းထားလိုက်သည်။ ချင်ယွဲ့က သူ့သွေးများဖြင့် ပေကျံနေသည်။ သူ့ အသက်ရှူသံက ပျပျသာ ရှိတော့သည်။ သူက စကားပြောနိုင်သည့်ဟန် မရှိတော့ဘဲ သူ့မျက်နှာက အဆက်မပြတ် တွန့်ရှုံ့နေသည်။

ဂျန်ဝုရှီက ဒူးတစ်ဖက်ချ ထိုင်လိုက်ပြီး အလွန်အမင်း အားနည်းနေသည့် ချင်ယွဲ့ကို ကြည့်လိုက်သည်။ သူမက ငွေအပ်များကို ဆွဲထုတ်၍ အဓိကသွေးကြောမကြီး ၁၂ခုကို ထိုးစိုက်လိုက်သည်။ ဒဏ်ရာများမှ သွေးထွက်နေခြင်းက ယာယီ ရပ်တန့်သွားသည်။ ထို့နောက် သူမက ချင်ယွဲ့၏ ပါးစပ်ကို ဆွဲဟ၍ ဆေးသုံးလုံးကို ပါးစပ်ထဲ ပစ်ထည့်ပြီး အားသုံးကာ မျိုချခိုင်းသည်။ ထို့နောက် သူမက မတ်တပ်ရပ်လာသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now