၂၆၄။ "ပထမဆုံး ထင်မြက်ချက် - ၃"

790 80 0
                                    

၂၆၄။ “ပထမဆုံး ထင်မြက်ချက် - ၃”

မုချန်က လျှောက်လှမ်းလာ၍ ဂျန်ဝုရှီရှေ့တွင် ရပ်လိုက်သည်။ သူက ပုံမှန်မဟုတ်စွာ တည်ငြိမ်နေသည့် သူ့ရှေ့မှ လူငယ်ကို စူးစိုက်ကြည့်ရင်း တင်းမာသည့် သူ့အမူအရာက ပြုံးလာသည်။

“မင်း နာမည် ဘယ်လိုခေါ်လဲ။”

“ဂျန်ရှီ” ဂျန်ဝုရှီက ပြန်ပြောသည်။

နှင်ထုတ်ခံရဖို့ မျှော်လင့်နေကြသည့် လူငယ်များက အတော် ထူးဆန်းသလို ခံစားလိုက်ကြရသည်။ ချင်းယန်ကလန်၏ အကြီးအကဲက အတော် နူးညံ့နေသည်မဟုတ်လော။ ဂျန်ဝုရှီကို ချက်ချင်း နှင်ထုတ်သင့်သည်မဟုတ်လော။

“မင်း တိမ်လှေခါး တောင်ထွတ်ကို လာဖို့ စိတ်ဝင်စားလား” မုချန်က နူးညံ့စွာ မေးသည်။

ဂျန်ဝုရှီက အံ့အားသင့်သွားသည်။ သို့သော် သူမမျက်နှာက မည်သည့် ခံစားချက်ကိုမျှ မပြသပေ။

မုချန်၏ စကားက ဝင်ခွင့်ဖြေသူများကြား မွှေနှောက်သွားသည်။ သူတို့က သူမ၏ လုပ်ရပ်ကြောင့် ဂျန်ဝုရှီအား နှင်ထုတ်ပစ်မှာကို မျှော်လင့်နေကြသည်။ သို့သော် အခုဖြစ်ရပ်ကြောင့် သူတို့က ဂျန်ဝုရှီကို တုန်လှုပ်စွာ စူးစိုက်ကြည့်ရုံသာ တတ်နိုင်တော့သည်။

ဘယ်လိုလုပ် ဒီလို ဖြစ်သွားရတာလဲ။

ချင်းယန်ကလန်၏ အပြစ်ကင်းစင်ခြင်းကို စိန်ခေါ်ပြီး စော်ကားသည့် သည်ကောင်စုတ်ကို နှင်ထုတ်ပစ်သင့်သည်မဟုတ်လား။ သို့သော် သူက တိမ်လှေခါး တောင်ထွတ်ပိုင်ရှင်၏ စိတ်ဝင်တစား ဖိတ်ခေါ်ခြင်းကိုပင် ခံယူရရှိခဲ့သလော။

တိမ်လှေခါး တောင်ထွတ်သို့ ဝင်ခွင့်ကိုသာ သူ လက်ခံရရှိသွားပါက, သူက ချက်ချင်းပင် ချင်းယန်ကလန်၏ အပြည့်အဝ တပည့် ဖြစ်လာနိုင်သည်။

ဒီသာမန်ကောင်လေးက ဒီလောက်တောင် ကံကောင်းသွားတာလား။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now