၅၃၆။ ဒုက္ခရှာသူ လူနှစ်ယောက်-၄

434 44 0
                                    

၅၃၆။ ဒုက္ခရှာသူ လူနှစ်ယောက်-၄

ဂျန်ဝုရှီက ဖန်ဇိုကို ကြည့်လိုက်သည်။ ဖန်ဇိုက တုံးအသော သူ့အကိုထက် ပိုမို၍ ဉာဏ်ကောင်းသော ဦးနှောက်ရှိတာကို သူမ အသိအမှတ် ပြုသည်။ သူက မြင်နိုင်စွမ်းရှိပြီး အခြေအနေကို ရှင်းရှင်းလင်းလင်း သဘောပေါက်သည်။

ဒါပေမဲ့ သူမလည်း တုံးအတဲ့သူတော့ မဟုတ်ဘူး၊ ဗြုန်းစားကြီး အငြင်းခံလိုက်ရတာ နှစ်ကြိမ်ဆက်တိုက် ရှိပြီဆိုတော့ သူမ မင်းဆီကနေ လိုချင်တဲ့ဟာ မရလောက်တော့ဘူးဆိုတာ နားလည်လောက်ရောပေါ့ ဖန်ဇိုက သူ့ကိုယ်ကို ပြောသလို ပြောသည်။ သို့သော် သူက ဂျန်ရှီ၏ ပုံမှန်မဟုတ်သော တိတ်ဆိတ်ခြင်းနှင့် နေသားကျနေပြီဖြစ်သဖြင့် ဒီကိစ္စနှင့် ပတ်သက်ပြီး စိတ်အနှောင့်အယှက် မဖြစ်တော့ပေ။

သူမက ဉာဏ်နည်းနည်းလေးပဲ ကောင်းတယ်ဆိုပေမဲ့, သူမမှာ ပါးနပ်တဲ့ သူ့အဖေ လူအိုကြီး ရှိသေးတယ်၊ သူတို့ပစ်မှတ်ဆီကနေ သူတို့ လိုချင်တာ မရဘူးဆိုရင်, သူတို့ ပစ်မှတ်ကို သူတို့ အတူတူပူးပေါင်းပြီး ဖယ်ရှားပစ်ဖို့ အကောက်ကြံလိမ့်မယ်၊ မင်း ပတ်ပတ်လည်မှာ အရာရာကို သေသေချာချာလေး ဂရုစိုက်ပါကွာ။

သိပြီ ဂျန်ဝုရှီက အသာအယာ ခေါင်းညိတ်ပြသည်။ သူမက နင်ရူ၏ လှည့်ကွက်ကို မကြောက်ပေ။ သို့သော် သူတို့ မလှုပ်ရှားတော့မှာကိုသာ စိုးရိမ်နေမိသည်။ သို့ဖြစ်လာလျှင် ပျော်စရာနည်းပါးသွားလိမ့်မည်။

ငါ့ ခန္ဓာကိုယ်က ခုတလော အတော်လေး နေသာထိုင်သာ ဖြစ်သွားပြီ၊ တကယ်လို့ ကျောင်းတော်မှာ ဦးစားပေး လုပ်စရာ ရှီလေးမှာ မရှိဘူးဆိုရင်, ခရီးတို ထွက်ဖို့ ငါနဲ့ အတူ လိုက်ပေးနိုင်မလား။ ဖန်ဇိုက မေးသည်။ တခြားကိစ္စများကို သူ ဘေးချိတ်ထားလိုက်သည်။

ဘယ်လဲ

လေလံအိမ်

ဂျန်ဝုရှီ မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။ လေလံအိမ် သွားဖို့ သူမ ရည်ရွယ်ထားသည်။ သူတို့ တိုက်ပွဲတောအုပ်မှ ရရှိလာသော ဝိညာဉ်ကျောက်တုံးများကို ကျောက်ချူက လေလံအိမ်သို့ သွားပြီး ပိုက်ဆံဖော်ချင်နေသည်။ သို့သော် သူမမှာ အခွင့်အရေး မရရှိသေးပေ။ ဖန်ဇို၏ အကြံပြုချက်က ၎င်းကိစ္စကို အမှတ်ရစေသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now