၂၆၇။ "တိမ်ဖုံးတောင်ထွတ် - ၃"

785 66 0
                                    

၂၆၇။ “တိမ်ဖုံးတောင်ထွတ် - ၃”

အကြီးအကဲနှစ်ယောက်က ရွေးချယ်ပွဲမှာ ဂျန်ဝုရှီအတွက် တိုက်ခိုက်ခဲ့ကြလို့ လူငယ်များမှာ မနာလိုခြင်းများစွာ ဖြစ်နေကြသည်။ သူတို့က အရွေးမခံကြရ၍ မျှော်လင့်ချက်များ ပျက်သွားကြပြီး တောင်ထွတ်မှ ထွက်ခွာခါနီးတွင် တိမ်ဖုံးတောင်ထွတ်မှ တပည့်တစ်ယောက်ကို တွေ့လိုက်ကြသည်။ သူက သူတို့ကို ရွေးချယ်ခေါ်လာပြီး ခဲချန်ဂျုက သူတို့အား တိမ်ဖုံးတောင်ထွတ်သို့ ဝင်ခွင့်ပြုကြောင်းကို ပြောပြသည်။ သူတို့က အခုအချိန်မှ စ၍ တိမ်ဖုံးတောင်ထွတ်၏ တပည့်များ ဖြစ်လာကြမည် ဖြစ်သည်။

ဘယ်လို ပြောင်းလဲသွားတဲ့ အဖြစ်လဲ။

သူတို့က စိတ်ပျက်ညှိုးငယ်ခြင်းများကို ဖယ်ထုတ်လိုက်ကြပြီး သည်သတင်းကြောင့် သူတို့က သာယာကြည်နူးသွားကြသည်။ အခု သူတို့က ဂျန်ဝုရှီကို ထပ်မံ တွေ့လိုက်ကြသည်။ သူတို့ တစ်ယောက်ချင်းစီတိုင်းက မနာလိုခြင်း မကျေနပ်ခြင်းတို့က လွှမ်းမိုးထားလို့ သူတို့ စိတ်ထဲမှာ သူမအား မထီမဲ့မြင် ပြုလိုခြင်းက ကိန်းအောင်းသွားကြသည်။

မတူညီသော အကြီးအကဲနှစ်ယောက်က သူမကို ရွေးချယ်တော့ရော ဘာဖြစ်လဲ။ သူမက သူတို့လိုပင် တိမ်ဖုံးတောင်ထွတ်၏ တပည့်အဖြစ် ဝင်ခွင့်ရခဲ့တာပဲ မဟုတ်လော။ သူတို့က သူမ ပိုင်ဆိုင်ထားသည့် အရည်အချင်းကို အံ့ဩနေကြသော်လည်း အခု သူမက သူတို့ထဲမှ တစ်ယောက်သာ ဖြစ်တော့သည် မဟုတ်လော။

ဆယ်ကျော်သက်များက မနာခံလိုသည့် သဘောများ ရှိတတ်ကြသည်။ သူတို့က ဂျန်ဝုရှီနှင့် ကျောက်ချူကို မနှစ်သက်ကြချေ။ ရွေးချယ်ခံရလို့ ဖြစ်သည်။ အခု သူတို့က သူတို့နှစ်ယောက်နှင့် ဆုံတွေ့ကြရပြီမို့ သူတို့နှစ်ယောက်ကို မနှစ်သက်ခြင်းက သည်အုပ်စုအား ပိုမို၍ ကြီးထွားလာစေသည်။

ဂျန်ဝုရှီက မနာလိုခြင်းများကို လျစ်လျူရှုထားသည်။ ရောင်းဟန်က သက်ပြင်းချပြီး ဂျန်ဝုရှီကို ပြောသည် “ငါ ဒီအထိပဲ လိုက်ပို့နိုင်တော့မယ်၊ ဒီနေရာကနေ တိမ်ဖုံးတောင်ထွတ် တပည့်က မင်းတို့ကို ဦးဆောင်ခေါ်သွားလိမ့်မယ်, ဂရုစိုက်ပါ။”

ပါရမီရှင်သမားတော်(၂)Where stories live. Discover now