၃၆၂။ "ကျုပ်လုပ်တော့ ဘာဖြစ်လဲ - ၄"

513 38 0
                                    

၃၆၂။ ကျုပ်လုပ်တော့ ဘာဖြစ်လဲ - ၄

ယန်ဘူဂွေ့က ခပ်မြန်မြန် လျှောက်လှမ်းသွား၍ ကျောက်ချူရှေ့တွင် ရပ်ပြီး သူ့လက်ကို မြှောက်လိုက်သည်။

ဝင်းထဲတွင် ဟွာယောင်းနှင့် တခြားသူများက မျက်နှာ ငုံ့နေကြသည်။ သူတို့ ခေါင်းမော့ မကြည့်ရဲကြချေ။

ယန်ဘူဂွေ့၏ လက်များက လေထဲမှာ ရပ်တန့်သွားသည်။ အောက်သို့ ဆင်းမလာကြချေ။

ဂျန်ဝုရှီက ယန်ဘူဂွေ့၏ လက်များကို ကြည့်လိုက်သည်။ သေးငယ်သော မျက်နှာက ယန်ဘူဂွေ့ကို ကြည့်၍ အလွန်အေးစက်မာကျောစွာ ပြောသည်။

ကျုပ် လုပ်ခဲ့တာ သူမက တုံးတိတိ ပြောသည်။

ယန်ဘူဂွေ့က တွန့်ဆုတ်သွားသည်။

ခင်ဗျား အပြစ်ပေးချင်ရင် ကျုပ်ကို ပေးသင့်တယ်။ ဂျန်ဝုရှီက မျက်မှောင်ကြုတ်၍ ပြောသည်။

ယန်ဘူဂွေ့က ဂျန်ဝုရှီကို ကြည့်သည်။ သူ ဒေါသ ပြေသွားသည်။ သူ့လက်ကို သူ ပြန်ရုတ်၍ သူ အဝေးသို့ လျှောက်လှမ်းသွားသည်။ သူ ခြေနှစ်လှမ်းလောက် လှမ်းပြီးနောက် ပြန်လှည့်သည်။ သူ တစ်ခုခု ပြောချင်နေသော်လည်း မှန်ကန်တိကျသည့် စကားလုံးကို သူ ရှာမတွေ့နိုင် ဖြစ်နေသည်။

သို့သော် သူပြောမည့်အစား ဂျန်ဝုရှီက ပြောလာသည်။

ကျုပ်စကားကို ပြန်ရုပ်သိမ်းတယ်။ ဂျန်ဝုရှီက ရုတ်တရက် ပြောသည်။

ယန်ဘူဂွေ့က သူမဆက်ပြောမှာကို တိတ်ဆိတ်စွာ စောင့်နေသည်။

ခင်ဗျားလို လူက ကျုပ်ဆရာ ဖြစ်ဖို့ မထိုက်တန်ဘူး။ ဂျန်ဝုရှီက အေးစက်စွာ ပြောသည်။ ကျောက်ချူနှင့် တခြားသူများ တွေ့ကြုံနေရတာကို သူမ ရှင်းရှင်းလင်းလင်း တွေ့မြင်ရသည်။ သူမမှာ ဘယ်တုန်းကမျှ ဆရာမရှိခဲ့ပေ။ သို့သော် ဆရာတစ်ယောက်၏ အလုပ်တာဝန်ကို သူမ သိသည်။ ဆရာများက ကိုယ့်တပည့်များကို မကာကွယ်နိုင်ဘဲ အကြိမ်များစွာ သူတပါး အရှက်ခွဲတာကို ခံနေရပါလျှက် မာနနှင့် ဒေါသကို မျိုသိပ်ခိုင်းပြီး ပြန်လည် တိုက်ခိုက်ခွင့်မပြုတာက.......

ပါရမီရှင်သမားတော်(၂)Where stories live. Discover now