၃၈၁။ "အကြီးအကဲ ပေါ်ထွက်လာခြင်း - ၂"

471 39 0
                                    

၃၈၁။ အကြီးအကဲ ပေါ်ထွက်လာခြင်း - ၂

ချင်းယန်ကလန်၏ အကြီးအကဲလို မည်သူ ဟန်ဆောင်ဝံ့မည်နည်း။ မည်သူမျှ ထိုသို့ လုပ်ဆောင်ဝံ့သော စိတ်ဓာတ်ရှိမည် မဟုတ်ပေ။

ထို့ပြင်, ထိုလူ ပိုင်ဆိုင်သည့် ကျောက်စိမ်းပြားက ချင်းယန်ကလန်၏ အမှတ်သင်္ကေတဖြစ်သည်။ ထို့ကြောင့် သူတို့ ယုံကြည်သွားကြသည်။

ချင်းယန်ကလန် ပျောက်ကွယ်သွားခြင်းနှင့် အတူ ထိုစကားလုံးသုံးလုံးနောက်ကွယ်မှ ဆိုလိုရင်းအဓိပ္ပါယ်က အပြောရခက်သည့် အဆင့်တစ်ခုထိ ဆွဲဆောင်သွားသည်။

အဖြူရောင်ဝတ်စုံနှင့် လူက သူ့ရှေ့မှ တောင်းပန်နေသည့် လူငယ်ကို ကြည့်၍ ပြောသည် ချင်းယန်ကလန်ဆိုတာ နောက်ထပ် မတည်ရှိတော့ဘူး၊ ငါကလည်း ချင်းယန်ကလန်ရဲ့ အကြီးအကဲ မဟုတ်တော့ဘူး၊ ငါတို့ ကနေ့ ဒီနေရာမှာ ဆုံတွေ့ရတာ ကံကြမ္မာပဲ၊ ငါ့မှာ မင်းလိုချင်တဲ့ ဆေးလုံး အနည်းငယ် ကျန်သေးတယ်၊ ဒါပေမဲ့ အများကြီးကျန်တာတော့ မဟုတ်ဘူး၊ မင်း တကယ့်ကို ဆိုးဆိုးရွားရွား လိုချင်နေရင်, အရင်ပေးခဲ့တဲ့ တန်ဖိုးအတိုင်း ပေးချေ ဝယ်ယူလို့ရတယ်။

တောင်းပန်နေသည့် လူငယ်က ပီတိဖြစ်သွားပြီး ကျေးဇူးတင်စွာ အခါခါ ဦးညွတ်သည်။ သူက လက်မောင်းအိတ်ထဲမှ ငွေစက္ကူသုံးရွက်ကို ဆွဲထုတ်သည်။ ငွေပမာဏကို မြင်သာအောင် ပြသသည်။ တစ်ရွက်ချင်းစီက တစ်သိန်းတန် ဖြစ်သည်။ သူက မုချန်အား သုံးသိန်း လွှဲအပ်သည်။

ဒါက ဘယ်လောက်တောင် တန်ဖိုးရှိနေသလဲ။

ချင်းယန်ကလန်၏ ဆေးလုံးများမှ တပါး, မည်သူမျှ သည်လောက် တန်ဖိုးကို မတောင်းဆိုနိုင်ကြချေ။

လေညင်းကျောင်းတော်သို့ ဝင်ရောက်လိုသူများမှာ ချမ်းသာသည့် မိသားစုများမှ လာရောက်ကြသူများ ဖြစ်သည်။ တစ်သိန်းဆိုသည့် ပမာဏသည် သူတို့အတွက် ဘာမျှ မဟုတ်ချေ။ သူတို့က အခု သူတို့ရှေ့မှာတင် အခွင့်အရေးတစ်ရပ် ရောက်ရှိလာသည်။ ချင်းယန်ကလန်မှ ပျောက်ကွယ်သွားသော အကြီးအကဲက ပေါ်ပေါက်လာသည်။ သူက လူငယ်အား ဆေးလုံး ရောင်းချပေးဖို့ သဘောတူလိုက်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now